ကွန်းဖရန့်လိဂ် Play-offs အဆင့် ဒုတိယအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ် Play-offs အဆင့် ဒုတိယအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 24 February 2022

ပြိုင်ပွဲသစ် ကွန်းဖရန့်လိဂ် Play-offs  အဆင့် ပထမအကျော့ပွဲတွေမှာ လက်စတာနဲ့ မာဆေးလ်တို့လို ရေပန်းစားတဲ့အသင်းတွေ ဂိုးပြတ်အနိုင်ရထားလို့ အခုဒုတိယအကျော့မှာ ဖိအားမရှိတော့တဲ့အတွက် ထိန်းကစားသွားမလား စောင့်ကြည့်ရပါမယ် . . .

ပြိုင်ပွဲသစ် ကွန်းဖရန့်လိဂ် Play-offs  အဆင့် ပထမအကျော့ပွဲတွေမှာ လက်စတာနဲ့ မာဆေးလ်တို့လို ရေပန်းစားတဲ့အသင်းတွေ ဂိုးပြတ်အနိုင်ရထားလို့ အခုဒုတိယအကျော့မှာ ဖိအားမရှိတော့တဲ့အတွက် ထိန်းကစားသွားမလား စောင့်ကြည့်ရပါမယ် . . .

■ ရန်းဒါးစ် နှင့် လက်စတာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပထမအကျော့ရလဒ်က လက်စတာအသင်းအဖို့ (၁၆) သင်းအဆင့်တက်ရောက်ဖို့ လုံလောက်နေပါပြီ။ ဒါပေမဲ့ လာမယ့် ပရီးမီးယားလိဂ်ရက်သတ္တပတ်မှာ လက်စတာအသင်း ပွဲကစားဖို့မရှိလို့ ဒီပွဲကို ဘယ်လိုကစားမလဲဆိုတာ ခန့်မှန်းရခက်စေပါ တယ်။ လက်စတာတို့ နိုင်ပွဲဆက်ဖို့ရှိပေမဲ့ ဂိုးတော့မပြတ်လောက်ပါဘူး။

■ ကာရာဘတ် နှင့် မာဆေးလ်  (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ကာရာဘတ်အသင်းက ကွန်းဖရန့်လိဂ် အိမ်ကွင်းပွဲစဉ် အားလုံးကို ရှုံးပွဲမရှိကစားထားတာ တွေ့ရတယ်။ မာဆေးလ်အသင်း အဝေးကွင်းမှာ ထိန်းကစားသွားဖို့များလို့ သရေလောက် သွားနိုင်တယ်။

■ ဆလားဗီးယားပရပ်ဂ် နှင့် ဖီနာဘာချီ  (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အိမ်ကွင်းမှာ ဂိုးအများကြီးပေးခဲ့ရပေမဲ့ အဝေးဂိုးစည်းမျဉ်း မရှိတော့လို့ ဖီနာဘာချီအသင်း ဖောင်ဖျက်ကစားရင်တော့ အခွင့်အရေး ရနိုင်ပါတယ်။ ချက်မြေဖြစ်ပေမဲ့ ဖီနာဘာချီကိုပဲ ရွေးချယ်ချင်တယ်။

■ မက္ကာဘီတဲလ်အဗစ် နှင့် PSV  (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ကစားသမားစုဖွဲ့မှုမှာ PSV အသင်း အပြတ်အသတ်သာပေမဲ့ မက္ကာဘီတဲလ်အဗစ်ရဲ့အိမ်ကွင်းအားကိုတော့ ထည့်တွက်ရမယ်ထင်တယ်။ PSV အသင်း သရေလောက်ပဲ ကစားသွားဖို့များလို့ အိမ်ရှင်ကို ပိုကြိုက်တယ်။

■ ဘိုဒယ်ဂလင့် နှင့် ဆဲလ်တစ်  (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဆဲလ်တစ်အသင်းက ကွန်းဖရန့်လိဂ်ထက် ရိန်းဂျားစ်အသင်းနဲ့ အပြိုင်ဖြစ်နေတဲ့ ပရီးမီးယားရှစ်ချန်ပီယံဆုကို ပိုအာရုံစိုက်တော့မယ့် အနေအထားပါပဲ။ ဘိုဒယ်ဂလင့် အိမ်ကွင်းမှာ ရှုံးဖို့မရှိပါဘူး။

■ PAOK နှင့် မစ်ဂျီလန်း  (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အိမ်ကွင်းအားကို အဓိကအားပြုကစားတတ်တဲ့ ဂရိကလပ်တွေရဲ့အစဉ်အလာက အခုပွဲကို အဓိကအဆုံးအဖြတ်ပေးလိမ့်မယ်။ အိမ်ရှင်ပဲ နိုင်ဖို့များတယ်။

■ ပါတီဇန် နှင့် စပါတာပရပ်ဂ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ပါတီဇန်အသင်းမှာ မာကိုဗစ်၊ ယိုယစ်တို့လို ကစားသမားကောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ စပါတာပရပ်ဂ်နဲ့စွန့်စားတာ ပိုကောင်းမယ်ထင်တယ်။

■ ဗွီတက်ဆီ နှင့် ရက်ပစ်ဝီအန် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့တုန်းက ရက်ပစ်ဝီအန် တစ်ယောက်လျော့သွားမှ ဗွီတက်ဆီ တစ်ဂိုးပြန်သွင်းနိုင်တာပါ။ ဒတ်ချ်မြေဖြစ်ပေမဲ့ ရက်ပစ်ဝီအန် သရေလောက်ရနိုင်တယ်။

Most Read

Most Recent