ရုရှားသည် ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်နေဟု အမေရိကန် ပြောကြား

ရုရှားသည် ယူကရိန်းကို အလုံးစုံကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်နေဟု အမေရိကန် ပြောကြား
ဇန်နဝါရီ ၂၈ ရက်က ယူကရိန်းနိုင်ငံ လူဗီမြို့အနီးရှိ ယာဗိုရစ်ဗ် စစ်ရေးလေ့ကျင့်ရေးကွင်းပြင်တွင် တင့်ကားဖျက်ဒုံးကျည်ကို ထမ်းထားသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်
ဇန်နဝါရီ ၂၈ ရက်က ယူကရိန်းနိုင်ငံ လူဗီမြို့အနီးရှိ ယာဗိုရစ်ဗ် စစ်ရေးလေ့ကျင့်ရေးကွင်းပြင်တွင် တင့်ကားဖျက်ဒုံးကျည်ကို ထမ်းထားသည့် ယူကရိန်းစစ်သားတစ်ဦးကို တွေ့ရစဉ်
Published 6 February 2022
Ref: AFP

ရုရှားသည် ယူကရိန်းကို အလုံးစုံကျူး ကျော်ဝင်ရောက်ရန် ပြင်ဆင်မှုများကို အရှိန် မြှင့်တင်ခဲ့သော်လည်း ရုရှားအစိုးရသည် ယူ ကရိန်းကို ကျူးကျော်ရန် ဆုံးဖြတ်ခဲ့ခြင်းရှိ၊ မရှိကို ရှင်းလင်းစွာမသိရကြောင်း အမေရိ ကန်အရာရှိများက ထောက်လှမ်းရေးအကဲ ဖြတ်ချင့်တွက်မှုများကို ကိုးကားပြီး ပြောကြား ခဲ့သည်။

ရုရှားသည် အနောက်အင်အားစုလိုလားသည့် ယူကရိန်းနယ်စပ်တွင် စစ်သားအင် အား ၁၁၀၀၀၀ ခန့် ဖြန့်ကြက်ချထားခဲ့သော် လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းကို ကျူးကျော်ရန် အမှန်တကယ် ဆုံးဖြတ်ထားခြင်းရှိ၊မရှိကို အမေရိကန် ထောက်လှမ်းရေးက စိစစ်နိုင်ခြင်းမရှိခဲ့ဟု မ ကြာသေးမီက အမေရိကန်လွှတ်တော်အဖွဲ့ ဝင်များနှင့် ဥရောပမဟာမိတ်များကို အစီရင် ခံတင်ပြခဲ့သည့် အမေရိကန် အရာရှိများက ပြောကြားခဲ့သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားစစ်သား အရေအတွက် ပိုမိုများပြားလာခဲ့ပြီး ယင်းနှုန်း အရ ပူတင်သည် ဖေဖော်ဝါရီလလယ်ပိုင်းတွင် အလုံးစုံကျူးကျော်ဝင်ရောက်ရန်အတွက် စစ် သားအင်အား ၁၅၀၀၀၀ ခန့် ဖြန့်ကြက်ချထား နိုင်လိမ့်မည်ဟု ယင်းအရာရှိများက အမေရိ ကန်လွှတ်တော်အမတ်များကို သတိပေးခဲ့ သည်။

ပူတင်သည် ယူကရိန်း၏ ရုရှားလိုလား သည့် ဒွန်ဘက်စ်ဒေသတွင် အကန့်အသတ်ရှိ သည့် လှုပ်ရှားမှုများမှအစ ယူကရိန်းကို အ လုံးစုံကျူးကျော်ဝင်ရောက်မှုအထိ ရွေးချယ် စရာနည်းလမ်းများအားလုံးကို အလိုရှိနေ သည်ဟု အမေရိကန်အရာရှိများက ပြော ကြားခဲ့သည်။ ရုရှားကမူ ယူကရိန်းကို ကျူး ကျော်ရန်ပြင်ဆင်နေသည့် ပြောကြားချက် များကို ငြင်းဆိုခဲ့သည်။

ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော် ရန် အစီအစဉ်မရှိကြောင်း တွင်တွင်ငြင်းဆိုထားသော်လည်း တင်းမာမှုများ လျှော့ချရန် အလို့ငှာ လုံခြုံရေး အာမခံချက် အများအပြား ကို ပြန်လည်တောင်းဆိုထားသည်။

ရုရှားအစိုးရက ၎င်းတို့နိုင်ငံသားများအပေါ် ယူကရိန်းက တိုက်ခိုက်နေသည့်အသွင် လုပ်ကြံဇာတ်လမ်းထွင်ရန် စီစဉ်နေသည့် အ ထောက် အထားရှိကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

အကယ်၍ ရုရှားသည် ယူကရိန်းကို အ လုံးစုံ တိုက်ခိုက်မည့် နည်းလမ်းကို ရွေးချယ်ခဲ့ ပါက ရုရှားတပ်ဖွဲ့များသည် ၄၈ နာရီအတွင်း ယူကရိန်း၏မြို့တော် ကိယက်ဗ်သို့ ရောက်ရှိ နိုင်ကာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန် စကီးကို ဖြုတ်ချနိုင်လိမ့်မည်ဟုလည်း အမေရိ ကန်အရာရှိများက ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားက ယူကရိန်းကို ကျူးကျော် ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် ယူကရိန်း စစ်သား ၅၀၀၀ မှ ၂၅၀၀၀ ၊ ရုရှားစစ်သား ၃၀၀၀ မှ ၁၀၀၀၀ နှင့် အရပ်သား ၂၅၀၀၀ မှ ၅၀၀၀၀ အကြား သေဆုံးနိုင်သည်ဟုလည်း အမေရိကန်အရာရှိများက ခန့်မှန်းပြောကြား ခဲ့သည်။ယင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့မည်ဆိုပါ က  လူပေါင်း ၁ သန်းမှ ၅ သန်းအထိရှိနိုင်မည့် ဒုက္ခသည်လှိုင်းလုံးတစ်ခုဖြစ်ပေါ်လာနိုင်ပြီး အများစုမှာ ပိုလန်နိုင်ငံအတွင်းသို့ ဝင်ရောက် ဖွယ်ရှိနေသည်ဟု ယင်းအရာရှိများက ပြော ကြားခဲ့သည်။

ထိုအချိန်အတောအတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က နေတိုးအဖွဲ့ဝင်နိုင်ငံ များကို ကာကွယ်ပေးရန် အမေရိကန်တပ်ဖွဲ့ များကို ပိုလန်နိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ ပြီး ဖေဖော်ဝါရီ ၅ ရက်က ပထမဆုံး အမေရိ ကန်တပ်ဖွဲ့သည် ပိုလန်သို့ ရောက်ရှိခဲ့သည်။

                                                        

Most Read

Most Recent