ဗင်နီဇွဲလားငလျင်လှုပ်ခတ်မှုအတွင်း Miss Grand Orlando 2025 ဆုရှင် သေဆုံးခဲ့သည်ဟု သိရသည်။Miss Grand Orlando 2025 ဆုရှင် စကားလက် ရိုဒရီဂွက်စ်မှာ ငလျင် လှုပ်ခတ်မှုအတွင်းသေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလှမယ် နေထိုင်ရာ ဗင်နီဇွဲလားနိုင်ငံ Catia La Mar မြို့ရှိ တိုက်ခန်း ပြိုကျခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်များက ရှာဖွေမှုများ လုပ်ဆောင်ရာ ငါးရက်အကြာတွင် သူမ၏ ရုပ်အလောင်းကို တွေ့ရှိခဲဲ့ခြင်းဖြစ်သည်။
ရှာဖွေတွေ့ရှိမှုတွင် သူမချစ်သူ၏ ရုပ်အလောင်းကိုပါ အတူတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြိုကျခဲ့သည့် အဆောက်အအုံအောက်တွင် နှစ်ဦးစလုံးကို အတူတွဲလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလှမယ် ရိုဒရီဂွက်စ်သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း၊ သူမသည် အလှမယ်အသိုင်းအဝိုင်း၏ တန်ဖိုးထားရသော အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူမအား သိကျွမ်းခွင့်ရသူအားလုံးအပေါ် ချစ်ခင်သူတစ်ဦးဖြစ်ကြောင်း၊ ရိုဒရီဂွက်စ်၏ တောက်ပသောအပြုံး၊ နွေးထွေးသောစိတ်ဓာတ်နှင့် မယိမ်းယိုင်သောအပြုသဘောဆောင်မှုများသည် စင်မြင့်ပေါ်နှင့် စင်မြင့်ပြင်ပတွင် သူမနှင့်တွေ့ဆုံခဲ့ရသူတိုင်းက လွမ်းဆွတ်နေမည်ဖြစ်ကြောင်း Miss Grand Florida အဖွဲ့အစည်းက ထုတ်ပြန်သည်။
ဇွန် ၂၄ ရက်က ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ နှစ်ထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ကာ လက်ရှိအချိန်အထိ အဆောက်အအုံအပျက်အစီးများအောက်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်နေရဆဲဖြစ်သည်။















