■ ကလေးသူငယ်များအပေါ် ကျူးလွန်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ ရယူနိုင်ရန်၊ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လူကယ်ပြန် ဒုတိယဝန်ကြီး ပြောကြား

■ ကလေးသူငယ်များအပေါ် ကျူးလွန်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ ရယူနိုင်ရန်၊ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လူကယ်ပြန် ဒုတိယဝန်ကြီး ပြောကြား
Published 1 July 2026

ကလေးသူငယ်များအပေါ် ကျူးလွန်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ ရယူနိုင်ရန်၊ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။

ဇွန် ၃၀ ရက်က လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  မြန်မာနိုင်ငံမှ ၁၉၉၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ အပိုဒ် (၃၈) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် “အရွယ်မတိုင်မီ ကလေးသူငယ်များအား စစ်သားစုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊ လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသည့် ကလေးသူငယ်တိုင်းအား အကာအကွယ်ပေးရန်နှင့် ကြည့်ရှုစောင့်ရှောက်မှုပေးရန်” အချက်အား လိုက်နာဆောင်ရွက်နေကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို အလေးထားဖော်ဆောင်ရေးမူကို အခြေခံသည့် မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) တို့အရ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ‌ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

မိမိတို့ဝန်ကြီးဌာနသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်ပတ်သက်ပြီး အဓိကတာဝန်ယူဆောင်ရွက်နေသည်နှင့်အညီ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ အခြေခံမူများအရ ကလေးသူငယ်များအား မည်သည့်အခြေအနေတွင်မဆို ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှသည့် အခွင့်အရေးများရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကြီးလေးသော ကျူးလွန်မှုများကြောင့် ထိခိုက်ခံစားနေရသော ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်သည့် အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများကို လုံးဝလက်မခံသည့် မူဝါဒ (Zero Tolerance Policy) နှင့်အညီ ကာကွယ်တားဆီးရေးနှင့် အရေးယူဆောင်ရွက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအပေါ် ကျူးလွန်မှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်တို့ကို အချိန်နှင့်တပြေးညီ ရယူနိုင်ရန်၊ ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ပါဝင်တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အပြုသဘော ဆောင်သည့် မိမိတို့၏အတွေ့အကြုံနှင့်ဗဟုသုတများကို မျှဝေဖလှယ်ဆွေးနွေးပေးကြရန် ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

 

Most Read

Most Recent