မြန်မာကမ်းလွန်ပင်လယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့တော်တွင် တုန်ခါမှုများဖြစ်ပွား

မြန်မာကမ်းလွန်ပင်လယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့တော်တွင် တုန်ခါမှုများဖြစ်ပွား
Published 18 May 2026

မေလ ၁၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၃ ပြင်းအားရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး၊ ယင်းငလျင်ကြောင့် ထိုင်းနိုင်ငံ၏ ဘန်ကောက်မြို့တော်အထိ တုန်ခါမှုများ သိသိသာသာ ခံစားခဲ့ရပြီး ဘန်ကောက်ရှိ မိုးမျှော်တိုက်မြင့် အဆောက်အအုံများပေါ်မှ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ထိုင်းနိုင်ငံ မြေငလျင်စောင့်ကြည့်လေ့လာရေးဌာန (TMD) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅ မိနစ်တွင် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းခြေအနီး၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ငလျင်ဗဟိုချက်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြုခဲ့ပြီး ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်၏ အနောက်တောင်ဘက် ၂၄၇ ကီလိုမီတာခန့် ကွာဝေးသော နေရာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခုလှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ အဆောက်အအုံများအား ချက်ချင်းလက်ငင်း အန္တရာယ်ဖြစ်စေနိုင်သည့် ခြိမ်းခြောက်မှုမျိုး မရှိခဲ့ဘဲ ယခုအချိန်အထိ ထိခိုက်ပျက်စီးမှုသတင်းများ ထွက်ပေါ်ခြင်းမရှိခဲ့ပေ။

Ref:  Khaosod English

Photo- SCMP

Most Read

Most Recent