ဆာဂျီညိုဒက်စ်နှင့်အတူ ရိုလာကိုစတာ လောကဓံတွင် ရှင်သန်ခြင်း

ဆာဂျီညိုဒက်စ်နှင့်အတူ ရိုလာကိုစတာ လောကဓံတွင် ရှင်သန်ခြင်း
Photos: Getty Images
Photos: Getty Images
Published 12 January 2022
Nay Lin Htet

ဆာဂျီညိုဒက်စ်နဲ့ပတ်သက်လာရင် နောက်ထပ် ပြောစမှတ်တွင်တာတစ်ခုက နိုင်ငံရေးခံယူချက်အပိုင်း။ နိုင်ငံရေးအမြင်နဲ့ပတ်သက်ရင် အမေရိကန် အားကစား သမား တော်တော်များများက ရှေ့တန်းရောက်ကြတယ်။ ဥပမာ- ဂျော့ချ်ဖလွိုက် ဖြစ်ရပ်အပြီး ထင်ရှားခဲ့တဲ့ Black Live Matter လှုပ်ရှားမှုတွေရဲ့ အစကနဦးမှာ အစောဆုံးပါဝင်ခဲ့ သူက အမေရိကန်ကွင်းလယ်လူ မက်ကန်နီးပါ။ ကိုဗစ်ပထမလှိုင်းအပြီး ပထမဆုံးပြန်ကစားတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်တွေထဲ အဲဒီတုန်းက ရှော်လ်ကေး မှာကစားနေတဲ့ မက်ကန်နီးက ရင်ဘတ်မှာစာတန်းထိုးပြီး ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တယ်။ ဆာဂျီညိုဒက်စ်မှာလည်း နိုင်ငံရေးခံယူချက်နဲ့ပတ်သက်ပြီး ထင်ရှားတဲ့ သာဓကရှိခဲ့ဖူးတယ်။ အေဂျက်စ်ကစားသမားဘဝတုန်းက သူ့အသင်းက ကာတာမှာ စခန်းဝင်လေ့ကျင့်တယ်။ အဲဒီအချိန်က အမေရိကန်နဲ့ အီရန် နိုင်ငံရေးအရ တင်းမာနေတဲ့အချိန်။ ဖြစ်ချင်တော့ ကာတာကလည်း အမေရိကန်နဲ့မတည့်တဲ့ အီရန်နဲ့ဆက်ဆံရေးကောင်းတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်။ ရန်သူရဲ့ အပေါင်းအသင်းနဲ့ အဆက်အဆံ မလုပ်နိုင်ဘူးဆိုတဲ့ခံယူချက်နဲ့ အေ ဂျက်စ်ရဲ့လေ့ကျင့်မှုမှာ ဒက်စ် မပူးပေါင်းခဲ့ဘူး။ အသက် (၂၀) မပြည့်သေး တဲ့ ကစားသမားတစ်ယောက်မှာ တွေ့ရခဲတဲ့ နိုင်ငံရေးအယူအဆပါ။

 

Most Read

Most Recent