ဟော်လန်းနေရာတွင် အစားထိုးရန် အန်ဂါစ်အသင်းတိုက်စစ်မှူး အလီချိုကို ဒေါ့မွန်အသင်း ချိန်ရွယ်နေ

ဟော်လန်းနေရာတွင် အစားထိုးရန် အန်ဂါစ်အသင်းတိုက်စစ်မှူး အလီချိုကို ဒေါ့မွန်အသင်း ချိန်ရွယ်နေ
Photo: Getty Images
Photo: Getty Images
Published 9 January 2022

 

ဒေါ့မွန်အသင်းသည် လာမည့်နွေရာသီတွင် ဆုံးရှုံးရရန် နီးစပ်နေပြီဖြစ်သည့် နော်ဝေတိုက်စစ်မှူး ဟော်လန်း၏နေရာကို အစားထိုးရန် ပြင်သစ်ကလပ် အန်ဂါစ်အသင်းမှ ပြင်သစ်ယူ-၂၁ တိုက်စစ်မှူး မိုဟာမက်အလီချိုကို ချိန်ရွယ်နေကြောင်း သိရသည်။ 

ဇန်နဝါရီ(၁၉)တွင် အသက်(၁၈)နှစ်ပြည့်မည့် အလီချိုကို ဒေါ့မွန်အသင်းက ယခုဇန်နဝါရီအပြောင်းအရွှေ့ကတည်းက အငှားဖြင့်ခေါ်ယူပြီး လာမည့်နွေရာသီတွင် အပြီးသတ်စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။

တောင်ပံတွင်လည်း ကစားနိုင်သည့် အလီချိုကို ဒေါ့မွန်အသင်းအပြင် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေကြောင်း သတင်းထွက်နေသည်။

Most Read

Most Recent