ဗြိတိန်က အထီးကျန်မှုရေးရာဝန်ကြီး ခန့်အပ်

ဗြိတိန်က အထီးကျန်မှုရေးရာဝန်ကြီး ခန့်အပ်
Published 19 January 2018

ဗြိတိန်က ဇန်နဝါရီ ၁၇ ရက်တွင် အထီးကျန်မှုရေးရာဝန်ကြီး ခန့်အပ်ခဲ့ကြောင်း ကြေညာခဲ့ပြီး ဝန်ကြီးချုပ် ထရီဆာမေက ခေတ်သစ်လူမှုဘဝ၏ ဝမ်းနည်းဖွယ်ရာ အရှိတရားကို လူသန်းပေါင်းများစွာ ခံစားနေရကြောင်းပြောကြားခဲ့သည်။

အားကစားနှင့် ပြည်သူ့ရေးရာ အငယ်တန်းဝန်ကြီး ထရေစီခရောက်သည် ဗြိတိန်တွင် အထီးကျန်မှုကို တိုက်ဖျက်ရန်အတွက် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ အခန်းကဏ္ဍကို ထမ်းဆောင်ရမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများ၊ စောင့်ရှောက်မှုပေးသူများ၊ ချစ်ခင်သူများကို ဆုံးရှုံးခဲ့သူများ ရင်ဆိုင်နေရသော အထီးကျန်မှုကို ဖြေရှင်းရန်အတွက် ထိထိရောက်ရောက် ဆောင်ရွက်လိုကြောင်း ဝန်ကြီးချုပ်မေက ပြောကြားခဲ့သည်။

ဗြိတိန်တွင် လူဦးရေ ၆၅ ဒသမ ၆ သန်း အနက် ကိုးသန်းကျော်သည် အမြဲတမ်း အထီးကျန်မှု သို့မဟုတ် ရံဖန်ရံခါအထီးကျန်မှုကို ခံစားနေရကြောင်း ဗြိတိန်ကြက်ခြေနီအသင်းက ဆိုထားသည်။ အထီးကျန်မှုနှင့် ဖယ်ကြဉ်ခံထားရမှုတို့သည် အသက်အရွယ်အမျိုးမျိုး သော လူများတွင် သက်ရောက်နေသည့် လျှို့ဝှက်ကပ်ရောဂါဖြစ်ကြောင်း ဗြိတိန်ကြက်ခြေနီက ဆိုခဲ့သည်။

၂၀၁၆ ခုနှစ်က Brexit လူထုဆန္ဒခံယူပွဲ မတိုင်မီ ရက်အနည်းငယ်အလို၌ အသတ်ခံခဲ့ရသည် အတိုက်အခံ လေဘာပါတီ၏ အမတ် လက်ယာစွန်း ဂျိုးကော့ကို အထိမ်းအမှတ်အနေဖြင့် အထီးကျန်မှုရေးရာဝန်ကြီး ခန့်အပ်ရန် ကော်မတီတစ်ခုမှ ထောက်ခံအကြံ ပြုခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent