ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များနှင့် လျှပ်စစ်မီးတိုင်များ လဲကျ

ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များနှင့် လျှပ်စစ်မီးတိုင်များ လဲကျ
ပြိုလဲနေသည့် သစ်ပင်များအား မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနေစဉ် (ဓာတ်ပုံ- Htet Naing Zaw)
ပြိုလဲနေသည့် သစ်ပင်များအား မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းနေစဉ် (ဓာတ်ပုံ- Htet Naing Zaw)
Published 19 May 2021
သက်ထွန်းအောင်

ပြင်ဦးလွင်မြို့တွင် မေ ၁၉ ရက် နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များနှင့် လျှပ်စစ်မီးတိုင်များ လဲကျခဲ့ကြောင်း မီးသတ်ဌာနမှ သတင်းရရှိသည်။

“မိုးသန်းထန်စွာ ရွာသွန်းတာက ၁၉ ရက် နံနက်အစောပိုင်း ၁ နာရီကနေ ၅ နာရီအတွင်း ဖြစ်သွားတာ။ မိုးတွေရော ခြိမ်းတယ်။ လေတွေရော တိုက်တယ်”ဟု ပြင်ဦးလွင်မြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပြင်ဦးလွင်မြို့ ပွဲကောက်လမ်းတွင် သစ်ပင်များ၊ လျှပ်စစ်မီးတိုင်များ လဲကျနေသည်ဟု သတင်းအရ ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင် ခုနစ်ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမိုးဆွေ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၅ ဦး၊  အရန်မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ Foam မီးငြိှမ်းသတ်ယာဉ် တစ်စီးတို့ဖြင့် ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် မယ်ဇလီပင်၊ ဘောစကိုင်းပင်၊ ဂျပန်ပိတောက်စသည့် လုံးပတ် ၁၅ ပေခန့် သစ်ပင် ၂၃ ပင်၊ လုံးပတ် သုံးပေမှ ရှစ်ပေခန့် သစ်ပင် ၂၇ ပင်၊ စုစုပေါင်း သစ်ပင် ၅၀၊ လျှပ်စစ်ဓာတ်တိုင် ခုနစ်တိုင် လဲကျ ပျက်စီးခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။

လမ်းပိတ်နေမှုအား ပူးပေါင်းအဖွဲ့များက မေ ၁၉ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ဖယ်ရှား ရှင်းလင်းပြီးစီးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း မီးသတ်ဌာနမှ သိရသည်။

Most Read

Most Recent