ရှောင်ဒိုက်နေရာတွင် ၀ိုင်လ်ဒါနှင့်အစားထိုးရန် ဘန်လေဆန္ဒရှိ

ရှောင်ဒိုက်နေရာတွင် ၀ိုင်လ်ဒါနှင့်အစားထိုးရန် ဘန်လေဆန္ဒရှိ
Photo: Getty Images
Photo: Getty Images
Published 4 April 2021

 

ဘန်လေအသင်းသည် ၎င်းတို့အသင်း၏နည်းပြ ရှောင်ဒိုက်နှင့်လမ်းခွဲခဲ့ပါက ၎င်း၏နေရာတွင်အစားထိုးရန် ရှက်ဖီးယူနိုက်တက်အသင်းနည်းပြဟောင်း ခရစ္စဝိုင်လ်ဒါကို ပစ်မှတ်ထားနေကြောင်း သိရှိရသည်။ 

ခရစ္စဝိုင်လ်ဒါသည် ပြီးခဲ့သည့် မတ်လ(၁၃)ရက်နေ့က ရှက်ဖီးယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

ရှောင်ဒိုက်အား ခေါ်ယူရန် လန်ဒန်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းက ပစ်မှတ်ထားနေပြီး အကယ်၍ အသင်း မှ ရှောင်ဒိုက်ထွက်ခွာသွားပါက ခရစ္စဝိုင်လ်ဒါနှင့်အစားထိုးရန် ဘန်လေအသင်း တာဝန်ရှိသူများက စီစဉ်နေခြင်းဖြစ်သည်။

Most Read

Most Recent