ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 12 August 2020

အတ္တလန်တာ - PSG (မြန်မာစံတော်ချိန် သြဂုတ်လ ၁၃ ရက်၊ နံနက် ၁:၃၀ နာရီ)

နှစ်ကျော့ကစားရမယ့်ပွဲဆိုရင် အတ္တလန်တာအတွက် ပိုခက်ခဲနိုင်တယ်။ အခုလည်း PSG က ပိုကောင်းတဲ့အသင်းဖြစ်နေဆဲပါ။ ဒါပေမဲ့ မျှော်လင့်ချက်တော့ ရှိသွားတယ်။ အတ္တလန်တာအတွက် အရေးကြီးတာက ပုံမှန်ကစားပုံအတိုင်း ကစားဖို့ပဲ။ PSG ကို ကြောက်ပြီး ခံစစ်ကစားဖို့ စဉ်းစားရင် ပိုဆိုးသွားနိုင်တယ်။ ဒီရာသီမှာ သူတို့ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ အေစီမီလန်၊ နာပိုလီ၊ လာဇီယိုတို့လိုအသင်းတွေကို ကစားခဲ့သလို၊ ပြီးခဲ့တဲ့အဆင့်မှာ ဗလင်စီယာကို ကျော်ဖြတ်သလို ကစားခဲ့ရင် PSG အတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ PSG က ခြေစွမ်းပိုင်း Point of View အရ အရမ်းတောင့်တင်းသလို၊ Very Technical အသင်းမျိုးလည်းဖြစ်တယ်။ ပြီးတော့ အရည်အသွေးမြင့်ကစားသမားအများကြီးကို ပိုင်ဆိုင်ထားတယ်။ ပြီးခဲ့တဲ့အဆင့်တုန်းက ဒေါ့မွန်ကွင်းမှာ ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာ (၂-ဝ)နဲ့ နိုင်ခဲ့တဲ့ပွဲ နှစ်ပွဲစလုံး ပုံစံကောင်းပြခဲ့တယ်။ နေမာက နှစ်ပွဲစလုံး ဂိုးသွင်းခဲ့ပြီး အခုအချိန်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပိုလန်းဆန်းနေလိမ့်မယ်။ (၃-၁၊ ၃-၂) ရလဒ်တွေနဲ့ PSG နိုင်ဖို့များတယ်။ 

​​​​​​​

■ အချက်အလက်များ

- အတ္တလန်တာအသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၄)ပွဲဆက် အနိုင်ရရှိခဲ့ပြီး (၁)ပွဲပျမ်းမျှ (၃.၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

- အတ္တလန်တာအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ်အဖြစ်

တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

- PSG အသင်းသည် ယခုရာသီကစားခဲ့သည့် ချန်ပီယံလိဂ် (၈)ပွဲတွင် (၆)ပွဲအနိုင်ရခဲ့ပြီး အနိုင်ရခဲ့သည့် (၆)ပွဲစလုံးလည်း ဂိုးမပေးခဲ့ရချေ။

- အတ္တလန်တာအသင်းနှင့် PSG အသင်းတို့သည် သမိုင်းကြောင်းတစ်လျှောက် ဥရောပပြိုင်ပွဲများတွင် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။

Most Read

Most Recent