အက်သလက်တီကိုအသင်းကို ကြောက်နေမည်မဟုတ်ဟု ကမ်းပဲလ် ကြုံးဝါး

အက်သလက်တီကိုအသင်းကို ကြောက်နေမည်မဟုတ်ဟု ကမ်းပဲလ် ကြုံးဝါး
Photo: Getty Images
Photo: Getty Images
Published 11 August 2020

လိုက်ပ်ဇစ်ကွင်းလယ်လူ ကီဗင်ကမ်းပဲလ်က ကွာတားဖိုင်နယ်တွင် တွေ့ဆုံမည့် အက်သလက်တီကိုအသင်းကို ကြောက်ရွံ့နေမည်မဟုတ်ဟု ကြုံးဝါးပြောဆိုခဲ့သည်။ 

အက်သလက်တီကိုအသင်းသည် ၂၀၁၃-၁၄၊ ၂၀၁၄-၁၅ ရာသီများတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ယခုရာသီတွင်လည်း ရှုံးထွက် (၁၆)သင်းအဆင့်၌ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည်။ 

ထို့ကြောင့် ကမ်းပဲလ်က အက်သလက်တီကိုအသင်းမှာ ဥရောပ၏ အကောင်းဆုံးအသင်းများထဲတွင် အသင်းအပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ကမ်းပဲလ်က "အက်သလက်တီကိုက ဥရောပရဲ့ အကောင်းဆုံးထဲက တစ်သင်းဖြစ်တာ ကြာပါပြီ။ သူတို့မှာ အတွေ့အကြုံတွေ အများကြီးရှိပြီး ဗိုလ်လုပွဲတွေလည်း ကစားခဲ့ပါတယ်။ ခံစစ်အရမ်းကောင်းပြီး တန်ပြန်တိုက်စစ်လည်း ကောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း စုဖွဲ့မှုကောင်းရှိပြီး သူတို့ကို ကြောက်နေ မှာ မဟုတ်ပါဘူး။ ဘယ်သူနဲ့ကစားကစား ကျွန်တော်တို့က ဂိုးတွေအတွက် အန္တရာယ်ရှိတဲ့အသင်းပါ"ဟု ဆိုခဲ့သည်။

လိုက်ပ်ဇစ်နှင့် အက်သလက်တီကိုတို့၏ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ကို သြဂုတ်လ (၁၃)ရက်တွင် ကစားမည်ဖြစ်သည်။ 

Most Read

Most Recent