ဗျူနိုအေရိစ်ရှိ နွမ်းပါးသူများအားကူညီရန် အာဂျင်တီးနားဂျာစီကို မာရာဒိုနာ လက်မှတ်ရေးထိုးပေးပို့

ဗျူနိုအေရိစ်ရှိ နွမ်းပါးသူများအားကူညီရန် အာဂျင်တီးနားဂျာစီကို မာရာဒိုနာ လက်မှတ်ရေးထိုးပေးပို့
Photos: Getty Images
Photos: Getty Images
Published 10 May 2020

မာရာဒိုနာသည် ၁၉၈၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဝတ်ဆင်ခဲ့သည့် ပုံစံတူ ဂျာစီကို လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ခြင်းဖြစ်ပြီး "ဒီအခက်အခဲကို အားလုံးကျော်ဖြတ်ကြရ မယ်" ဟု ရေးသားထားသည်။ 

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာသည် မွေးရပ်မြေ ဗျူနိုအေရိစ်မြို့ရှိ ဆင်ခြေဖုံးဒေသ မှ ဆင်းရဲနွမ်းပါးသူများအား ကူညီရန်အတွက် လက်ရွေးစင်အသင်းဂျာစီကို လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ကြောင်း သိရသည်။

မာရာဒိုနာသည် ၁၉၈၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဝတ်ဆင်ခဲ့သည့် ပုံစံတူ ဂျာစီကို လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ခြင်းဖြစ်ပြီး "ဒီအခက်အခဲကို အားလုံးကျော်ဖြတ်ကြရ မယ်" ဟု ရေးသားထားသည်။ 

အစောပိုင်းတွင် ယင်းဂျာစီကို လေလံတင်ရောင်းချရန် စီစဉ်ထားသော်လည်း တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ၊ နှာခေါင်းစည်းနှင့် ကီလို ၁၀၀ အလေးချိန်ရှိ အစားအစာလှူဒါန်းသူများ အတွက် မဲဖောက်၍ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။ မာရာဒိုနာ (၅၉ နှစ်) သည် လက်ရှိတွင် အာဂျင်တီးနားကလပ် ဟင်နာဆီယာအသင်းကို ကိုင်တွယ်နေသည်။

Most Read

Most Recent