ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၈ ဝန်းကျင်ဖြစ်နေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၉၁၀၀ ဝန်းကျင်ဆက်ရှိနေ

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၈ ဝန်းကျင်ဖြစ်နေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၉၁၀၀ ဝန်းကျင်ဆက်ရှိနေ
Published 17 January 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၁၆ ရက်တွင် ဒေါ်လာ ၁၃၃၈ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရွှေဈေးသည် ကျပ် ၉၄၉,၁၀၀ ဝန်းကျင်ဆက်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀,၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀,၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ကျပ် ၉၂၂,၁၀၀ အထိကျဆင်းခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ကျပ် ၉၃၀,၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ကျပ် ၉၄၀,၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ကျပ် ၉၃၀,၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉,၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀,၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျပ် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၉၂၆,၁၀၀၊ ဒီဇင်ဘာ ၁၉ ရက် တွင် ၉၁၇,၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ကျပ် ၉၃၇,၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ကျပ် ၉၃၈,၀၀၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျပ် ၉၅၀,၇၀၀၊ ဇန်နဝါရီ ၁၆ ရက်တွင် ကျပ် ၉၄၉,၁၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂,၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂,၇၀၀ (အောက်တိုဘာ ၁၅ ရက်)၊ နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်းကျပ် ၉၂၆,၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆,၂၀၀ (နိုဝင်ဘာ ၂၉ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၁၃,၂၀၀ (ဒီဇင်ဘာ ၁၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၇,၃၀၀ (ဒီဇင်ဘာ ၃၁ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကိုပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇူလိုင်လတွင် ၁၂၀၅-၁၂၆၈ ဒေါ်လာ၊ သြဂုတ်လတွင် ၁၂၅၈-၁၃၂၅ ဒေါ်လာ၊ စက်တင်ဘာလတွင် ၁၂၉၀-၁၃၅၆ ဒေါ်လာ၊ အောက်တိုဘာလတွင် ၁၂၆၁-၁၃၀၃ ဒေါ်လာ၊ နိုဝင်ဘာလတွင် ၁၂၆၆-၁၂၉၆ ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၇၀ ကျော်အထိရှိခဲ့သည်။

ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ရောက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၅ ဒေါ်လာအထိ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၂၃၈ အထိ ကျဆင်းခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၄ ဒေါ်လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၀၆ ဒေါ်လာ၊ ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၁၃၁၀၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၁၆ ဒေါ်လာ၊ ဇန်နဝါရီ ၅ ရက်တွင် ၁၃၂၅ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၃၄၄ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

Most Read

Most Recent