ပရီးမီးယားလိဂ်ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၉) ပွဲကြိုသုံးသပ်ချက်
Published 20 October 2018

ချယ်လ်ဆီး နှင့် မန်ယူ (စနေည ၆းဝ၀ နာရီ)

မန်ယူအသင်းနည်းပြ မော်ရင်ဟိုရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်အပြန်ခရီးက ဒီတစ်ကြိမ်လည်း ခက်ခဲဦးမှာသေချာတယ်။ ချယ်လ်ဆီးက လက်ရှိပရီးမီးယားလိဂ်မှာ (၈)ပွဲအပြီး အမှတ် (၂၀)ယူထားတဲ့အသင်း (၃)သင်းထဲက တစ်သင်းဖြစ်ပြီး မန်ယူအသင်းကတော့ ရာသီအစရလဒ်တွေမငြိမ်တာကြောင့် အဆင့် (၈)နေရာအထိ ရောက်နေတာတွေ့ရတယ်။ မန်စီးတီးက ဘန်လေ၊ လီဗာပူးလ်က ဟတ်ဒါဖီးလ်တို့နဲ့ ရင်ဆိုင်နေရချိန်မှာ ချယ်လ်ဆီးက ဒီပွဲကိုအနိုင်မရရင် အဲဒီနှစ်သင်းနဲ့ အမှတ်ပြန်ကွာသွားနိုင်လို့ နိုင်ပွဲနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ကြိုးစားရမယ်။ မန်ယူကလည်း နယူးကာဆယ်နဲ့ပွဲ ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ထိန်းထားနိုင်ဖို့လိုနေပြီး၊ အကောင်းဆုံးပုံစံရမှ လက်ရှိချယ်လ်ဆီးကို ယှဉ်နိုင်မယ့်အနေအထားဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ ကစားဟန်အရ ချယ်လ်ဆီးက ပွဲကို စိုးမိုးထားမှာသံသယဖြစ်ဖွယ်မရှိသလို၊ မန်ယူဂိုးဧရိယာထိပ်မှာရှာဖွေဖို့ ကြိုးစားမယ့် ချယ်လ်ဆီးရဲ့ တိုက်စစ်လမ်းကြောင်းပေါင်းများစွာကိုလည်း မန်ယူအသင်း အာရုံစိုက်ကာကွယ်နိုင်ဖို့လိုတယ်။ နိုင်ပွဲလိုချင်ရင် ခံစစ်ကနေ တိုက်စစ်ကို အသွင်ပြောင်းတဲ့နေရာမှာ ထိရောက်ဖို့ပါ လိုတယ်။ တကယ်တော့ လက်ရှိမန်ယူဆီကနေ ဒီလောက်မျှော်လင့်ထားဖို့ မလွယ်ဘူး။ ပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၈)ဂိုးသွင်းထားတဲ့ ဟာဇက်ကိုလည်း ထိန်းနိုင်ဖို့မလွယ်ဘူး။ ချယ်လ်ဆီးပဲနိုင်မှာပါ။ 

ဘုန်းမောက် နှင့် ဆောက်သမ်တန် (စနေည ၈း၃၀ နာရီ)

ဘုန်းမောက်က ပဲလေ့စ်နဲ့ ဝက်ဖို့ဒ်တို့ကို နှစ်ပွဲဆက်နိုင်ခဲ့ပြီး ဒီနှစ်ပွဲမှာ (၆)ဂိုးသွင်း ခဲ့တယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၄)ပွဲမှာ ဘန်လေကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးတဲ့ပွဲ ကလွဲပြီး ကျန်(၃)ပွဲအနိုင်ရခဲ့တယ်။ ဒီပွဲကလည်း အိမ်ကွင်းပွဲစဉ် ဖြစ်နေတယ်။ ဆောက် သမ်တန်က ပွဲတွေကျပ်လို့ ရှုံးပွဲဆက်နေတယ်ဆိုပေမယ့် ရှုံးသင့်တဲ့ရလဒ်ထက် ပိုဆိုးတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။ ဘုန်းမောက်ပဲ ကြိုက်တယ်။ 

ကာဒစ်ဖ် နှင့် ဖူလ်ဟမ် (စနေည ၈း၃၀ နာရီ)

နှစ်သင်းစလုံးက စိတ်ပျက်စရာခြေစွမ်းကို ပြနေကြတဲ့အသင်းတွေဖြစ်ပြီး ဖူလ်ဟမ် ကတော့ ကာဒစ်ဖ်ထက်စာရင် နည်းနည်းလေး ခြေစွမ်းပိုကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အဝေးကွင်းပွဲစဉ်တစ်ပွဲမှာ အနိုင်ရလောက်တဲ့ ခြေစွမ်းမျိုးလည်း ဖူလ်ဟမ်မှာမရှိပါဘူး။ အားနည်းချက်ကိုယ်စီရှိနေတဲ့ အသင်းနှစ်သင်းရဲ့ ပွဲစဉ်မှာ အိမ်ရှင်ကာဒစ်ဖ် မရှုံးအောင်တော့ ကစားနိုင်ပါတယ်။ 

မန်စီးတီး နှင့် ဘန်လေ (စနေည ၈း၃၀ နာရီ)

မန်စီးတီးအတွက် အခက်အခဲမရှိတဲ့ ပွဲစဉ်ပါပဲ။ လီဗာပူးလ်နဲ့ ပွဲမှာ သရေကျခဲ့ခြင်းက မန်စီးတီးရဲ့အရှိန်ကိုရပ်တန့်စေမှာမဟုတ်ဘူး။ ဒီပွဲက ဒီဘရိုင်းနား ပြန်စကစားတဲ့ပွဲ စဉ်ဖြစ်လာနိုင်ပြီး၊ ပြီးခဲ့တဲ့ပွဲမှာ ဂိုးမရခဲ့တဲ့ မန်စီးတီးတိုက်စစ်ပိုင်းရဲ့ပေါက်ကွဲမှုကိုလည်း မြင်ရနိုင်တယ်။ ဘန်လေက ခြေပြန်တက်လာတဲ့အသင်းပါ။ ဒါပေမဲ့ အကန့်အသတ်ရှိပြီး ဒီလိုအသင်းတွေဆီက အမှတ်ယူနိုင်တဲ့အဆင့်မဟုတ်ဘူး။ မန်စီးတီး ဂိုးပြတ်နိုင်မယ်။ 

နယူးကာဆယ် နှင့် ဘရိုက်တန် (စနေည ၈း၃၀ နာရီ)

နယူးကာဆယ်က ရလဒ်တွေဆက်တိုက်ကျဆင်းနေပြီး အသင်းလိုက် စုစည်းမှုရော၊ စိတ်ဓာတ်ပိုင်းပါ ပြိုကွဲနေတယ်။ မန်ယူနဲ့ ပွဲမှာ မထင်မှတ်ဘဲရခဲ့တဲ့ ဦးဆောင်ဂိုးနှစ်ဂိုးကို လည်း မထိန်းနိုင်ခဲ့ဘူး။ တိုက်စစ်ကလည်းအားနည်းပါတယ်။ ဘရိုက်တန်က နယူးကာဆယ်ထက် စုစည်းမှုပိုကောင်းပြီး ပိုမာကျောတယ်။ ဒါပေမဲ့ ခြေစွမ်းက နယူးကာဆယ်သာပြီး အိမ်ကွင်းလည်းဖြစ်နေလို့ နယူးကာဆယ်နိုင်ပွဲစရနိုင်တယ်။ 

ဝက်စ်ဟမ်း နှင့် စပါး (စနေည ၈း၃၀ နာရီ)

စပါးက လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင်မှာ (၃)ပွဲဆက်နိုင်ပွဲရခဲ့တယ်။ နှစ်သင်းစလုံးက သူတို့သွားနေတဲ့ တိုက်စစ်လမ်းကြောင်းတွေအတိုင်းသွားမှာဖြစ်ပြီး ဂိုးတွေအပြန်အလှန် သွင်းတဲ့ ပွဲမျိုးဖြစ်နိုင်တယ်။ ဝက်စ်ဟမ်းက ဘရိုက်တန်နဲ့ ပွဲမတိုင်ခင်မှာ အကောင်းဆုံး ပုံစံ ပြခဲ့ပြီး အိမ်ကွင်းမှာတော့ ဒီပုံစံကို ပြန်ထိန်းနိုင်ဖို့ ကြိုးစားမှာပါ။ စပါးက ပိုတောင့်တင်းတဲ့ အသင်းဖြစ်ပေမယ့် သရေကျသွားနိုင်တယ်။ 

ဝုလ်ဗ် နှင့် ဝက်ဖို့ဒ် (စနေည ၈း၃၀ နာရီ)

ဝုလ်ဗ်ရဲ့ခြေစွမ်းက ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ တော်တော် လေးတည်ငြိမ်ပြီး ဟန်ချက်ညီတယ်။ ဂိုးရနည်းပေမယ့် ရတဲ့ဂိုးတွေကို အမှတ်အဖြစ်ပြောင်း လဲနိုင်တယ်။ ယုံကြည်မှုအမြင့်ဆုံးရောက်နေတဲ့ ပုံစံမျိုးဖြစ်ပြီး ဝက်ဖို့ဒ်ထက် ပိုမိုခိုင်မာတဲ့ ခံစစ်ကြောင်းရှိတယ်။ ဝက်ဖို့ဒ်က ရာသီအစကပုံစံမျိုး ပြန်မရတော့ဘူး။ အားနည်းချက်တွေ လည်းပိုများလာတယ်။ ဝုလ်ဗ် နိုင်ပွဲယူဦးမယ့်ပွဲပါ။ 

ဟတ်ဒါဖီးလ် နှင့် လီဗာပူးလ် (စနေည ၁၁းဝ၀ နာရီ)

မန်စီးတီးနဲ့အပြိုင် ဂိုးသွင်းဖို့ ကြိုးစားရင်း ချယ်လ်ဆီးကို အသာစီးယူနိုင်ဖို့ ကြိုးစားရ မယ့် လီဗာပူးလ်အတွက် အဓိက အခက်အခဲက ဒဏ်ရာပြဿနာတွေဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်တွေရဲ့ ထိုးနှက်မှုကို ခံရနိုင်တယ်။ ဟတ်ဒါဖီးလ်က နောက်ဆုံး (၄)ပွဲမှာ (၂)ဂိုးပဲ သွင်း နိုင်ခဲ့တဲ့အသင်းဖြစ်ပြီး တိုက်စစ်က သိသိသာသာအားနည်းနေတယ်။ လီဗာပူးလ်လည်း ဂိုးသွင်းနှုန်း ကျဆင်းလာတာတွေ့ရတယ်။ လီဗာပူးလ် ကပ်နိုင်ဖို့ပဲ ကြိုးစားရလိမ့်မယ်။ 

Most Read

Most Recent