ရန်ဖြစ်ပြီး ဝက်အူလှည့်ဖြင့် ထိုးသူအား သွားရောက်ဖမ်းဆီးစဉ် ကတ်ကြေးဖြင့် ပြန်လည်ခုခံသည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ

ရန်ဖြစ်ပြီး ဝက်အူလှည့်ဖြင့် ထိုးသူအား သွားရောက်ဖမ်းဆီးစဉ် ကတ်ကြေးဖြင့် ပြန်လည်ခုခံသည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရ
Published 30 October 2017

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် ရန်ဖြစ်ပြီး ဝက်အူလှည့်ဖြင့်ထိုးခဲ့သူကို သွားရောက်ဖမ်းဆီးစဉ် ကတ်ကြေးဖြင့် ပြန်လည်ခုခံခဲ့သည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရမှု အောက်တိုဘာ ၂၈ ရက် ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ တောင်ဒဂုံမြို့နယ် နဝဒေး လမ်းနှင့် ဆုထူးပန်လမ်းထောင့်တွင် တောင်ဒဂုံမြို့နယ်၊ (၇၀) ရပ်ကွက်နေ ကို......(၂၄)နှစ် ဆိုသူနှင့် တစ်ရပ်ကွက်တည်းနေ ကိုဇင် (ခ)ဇင်ဖြိုး (၂၈) နှစ်တို့နှစ်ဦးမှာ စကားများပြီး ကိုဇင် (ခ)ဇင်ဖြိုးက ကို......(၂၄)နှစ်အား ဝက်အူလှည့်ဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ ထိုးသဖြင့် ကို......(၂၄)နှစ်မှာ ဝဲလက်ဖျံတွင် ထိုး သွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများက ဝက်အူလှည့်ဖြင့် ထိုးခဲ့သူ ကိုဇင်(ခ) ဇင်ဖြိုးအား သွားရောက် ရှာဖွေဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရှာဖွေဖမ်းဆီးစဉ် ကိုဇင် (ခ) ဇင်ဖြိုး  အား ၎င်း၏ နေအိမ်ရှေ့တွင် တွေ့ရှိခဲ့ပြီး တာ ဝန်ရှိသူများက ဥပဒေအရဖြေရှင်းပြောဆိုနေစဉ် ၎င်းက အရှည် ၁၀ လက်မရှိ ကတ်ကြေး ဖြင့် ရဲတပ်ဖွဲ့ဝင်များအား လိုက်လံထိုးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ ဝဲပခုံးပြတ်ရှ ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

ကတ်ကြေးဖြင့် လိုက်လံထိုးသည့်အ တွက် ရဲတပ်ဖွဲ့ဝင်များက ၁၂ ဗို့ပြောင်းချော သေနတ် (အဓိကရုဏ်းနှိမ်နင်းရေး သေနတ်/ရော်ဘာကျည်) ဖြင့် သတိပေး ပစ်ခတ်ခဲ့ရာ ကိုဇင် (ခ) ဇင်ဖြိုးမှာ ဝဲပေါင်ပေါက်ပြဲ ဒဏ်ရာတစ်ချက်ရရှိခဲ့သော်လည်း ဆက်လက် ရန်ပြုခုခံနေသဖြင့် ဒုတိယအကြိမ် ထပ်မံ သတိပေး ပစ်ခတ်ခဲ့ရာ ကိုဇင် (ခ) ဇင်ဖြိုး၏ ရင်ဘတ်ကိုထိမှန်ပြီး ပေါက်ပြဲဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းအား သင်္ဃန်းကျွန်းဆေးရုံကြီးသို့ ဖမ်းဆီးပို့ဆောင်ပြီး အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent