ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်အရေးအတွက် ဒေါ်လာ ၇၅ သန်း ရှာဖွေ

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်အရေးအတွက် ဒေါ်လာ ၇၅ သန်း ရှာဖွေ
Published 3 October 2017

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က မြန်မာနိုင်ငံတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများမှ ထွက်ပြေးလာသည့် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင် ဒုက္ခသည်များကို ကူညီရန် လာမည့်ခြောက်လ ကာလအတွက် အရေးပေါ် အကူအညီ ဒေါ်လာ ၇၅ သန်း ထည့်ဝင်ကြရန် အောက်တိုဘာ ၁ ရက်က မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

“အောက်ခြေမှာလား။ ဒါဟာ မနှစ်မြို့ဖွယ် အနေအထား တစ်ရပ်ပါ။ တကယ့်ကို ဆိုးပါတယ်။ နောက်ခြောက်လအတွက် ကျွန်တော်တို့ ဒေါ်လာ ၇၅ သန်း လိုအပ်ပါတယ်” ဟု WFP အလုပ်အမှုဆောင် ညွန်ကြားရေးမှူး ဒေးဗစ်ဘက်စလေက မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများကို သွားရောက်ခဲ့ပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကုလသမဂ္ဂသည် ဘင်္ဂါလီ မွတ်စလင်များအရေးကို ကိုင်တွယ်ရာ၌ ကူညီရန်အတွက် အလှူရှင်များထံမှ ဒေါ်လာသန်း ၂၀၀ ကို ယခုလက်ရှိတွင် ရှာဖွေနေကြောင်း သိရသည်။

Most Read

Most Recent