ခြောက်လအတွင်း ပြည်ပပို့ကုန်များအနက် CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ဖြင့် တင်ပို့မှု တန်ဖိုးအများဆုံးဖြစ်ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုတင်ပို့ထား

ခြောက်လအတွင်း ပြည်ပပို့ကုန်များအနက် CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ဖြင့် တင်ပို့မှု တန်ဖိုးအများဆုံးဖြစ်ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုတင်ပို့ထား
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 11 October 2018
 နီလာ

၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ခြောက်လ (Mini Budget) အတွင်း ပြည်ပပို့ကုန်များအနက် CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်ဖြင့် အများဆုံးရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလျံကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

(Mini Budget) အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုမှ CMP စနစ်ဖြင့် ချုပ်ပြီးအထည်တန်ဖိုး ဒေါ်လာ ၂၂၇၉ သန်းဖြင့် တင်ပို့မှုတန်ဖိုးအများဆုံးဖြစ်ပြီး ယခင်ကာလတူထက် တန်ဖိုး ဒေါ်လာ ၁၀၀၃ သန်း ပိုမိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

သဘာဝဓာတ်ငွေ့တင်ပို့မှုတွင် တန်ဖိုးဒေါ်လာ ၁၅၅၆ သန်းဖြင့် တင်ပို့မှုတန်ဖိုး ဒုတိယအများဆုံးနေရာတွင်ရှိနေပြီး ယခင်နှစ်ကာလတူထက် တန်ဖိုးဒေါ်လာ ၈၆ သန်း လျော့နည်းနေကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင် အီးယူ (ဥရောပသမဂ္ဂ) အနေဖြင့် မြန်မာနိုင်ငံမှ အထည်ချုပ် (ချုပ်ပြီးအထည်) အော်ဒါမှာယူမှုသည် ယခင်နှစ်ထက် နှစ်ဆအထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြောကြားသည်။

“မနှစ်ကနဲ့ ဒီနှစ်ဆိုရင် ပထမအော်ဒါမှာ နှစ်ဆတက်တယ်။ မနှစ်တုန်းက ဒေါ်လာ သန်း ၉၀ လောက်ဆိုရင် ဒီနှစ်က ဒေါ်လာ သန်း ၁၈၀ လောက်ရှိတယ်။ နှစ်ဆတောင် နည်းနည်းကျော်ချင်တယ်” ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

အီးယူနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး အခြေအနေ အပြောင်းအလဲမရှိဘဲ လက်ရှိအတိုင်း ဆက်လက်တည်ရှိနေမည်ဆိုပါက လာမည့်နှစ်များတွင်လည်း အီယူ၏ အထည်ချုပ် (ချုပ်ပြီးအထည်) အော်ဒါမှာယူမှုသည် ယခုကဲ့သို့ အလားအလာ ဆက်လက်ကောင်းနေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ချုပ်ပြီးအထည်တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ခုနှစ်တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၃၃၇ သန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

ထို့ပြင်၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည်တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့ကြောင်း၊ ပို့ကုန်စျေးကွက်တွင်လည်း အီးယူစျေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Most Recent