၂၀၁၇ ကျောက်မျက် ဥပဒေကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ကချင်ပါတီများ ဦးဆောင်၍ ဖားကန့်တွင် ဆန္ဒဖော်ထုတ်

၂၀၁၇ ကျောက်မျက် ဥပဒေကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ကချင်ပါတီများ ဦးဆောင်၍ ဖားကန့်တွင် ဆန္ဒဖော်ထုတ်
Published 19 March 2018

၂၀၁၇ မြန်မာ့ကျာက်မျက်ရတနာဥပဒေကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ကချင်ပါတီများ ဦးဆောင်၍ မတ်လ ၁၉ ရက် (ယနေ့) နံနက်ပိုင်းတွင် ဖားကန့်၌ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲအား ကချင်ပါတီများ ဖြစ်ကြသည့် KNC ၊ KDP ၊ KSDP စသည့် ကချင်ပါတီ သုံးပါတီ ပူးပေါင်းအဖွဲ့မှ ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကချင်အမျိုးသား ကွန်ဂရက်ပါတီ(KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက ဥပဒေကြမ်းအား ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲတွင် အကြီးစား တူးဖော်ခွင့်အား ကန့်ကွက်ကြောင်း၊ ၂၄ နာရီ စက်ယန္တရား အသုံးပြု တူးဖော်မှုအား ကန့်ကွက်ကြောင်းနှင့် စက်ယန္တရား ကန့်သတ်ရေး၊ ကျောက်မျက်ဥပဒေအား အသစ်ပြန်လည် ရေးဆွဲပြဌာန်းနိုင်ရေးတို့ အပါအဝင် ကျောက်မျက်ထုတ်လုပ်မှု ကဏ္ဍတွင် နိုင်ငံသား တိုင်းရင်းသားများ လက်ထဲတွင် တန်းတူအခွင့်အရေး ရရှိရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသခံ ရေမဆေးသမားများ အန္တရာယ် ကင်းရှင်းရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent