ပရိသတ်အားပေးမှုရရှိခဲ့သည့် ‘ည’ ရုပ်ရှင်ဇာတ်ကားအား ပုံစံသစ်တစ်မျိုးဖြင့် ထပ်မံကြည့်ရှုနိုင်ရန် စီစဉ်လျက်ရှိ

ပရိသတ်အားပေးမှုရရှိခဲ့သည့် ‘ည’ ရုပ်ရှင်ဇာတ်ကားအား ပုံစံသစ်တစ်မျိုးဖြင့် ထပ်မံကြည့်ရှုနိုင်ရန် စီစဉ်လျက်ရှိ
Published 26 February 2018

ည ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခု

ပရိသတ်အားပေးမှုရရှိခဲ့သည့် ‘ည’ ရုပ်ရှင်ဇာတ်ကားအား ပုံစံတစ်မျိုးဖြင့် ကြည့်ရှုနိုင်ရန်စီစဉ်လျက်ရှိသည်ဟု ဒါရိုက်တာထူး ပိုင်ဇော်ဦးက ပြောကြားသည်။ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးထားပြီး မျက်နှာသစ်သရုပ်ဆောင် ဆယ်ဦးပါဝင်ထားသည့် ‘ည’ ရုပ်ရှင်ဇာတ်ကားမှာ ရုံတင်ပြသစဉ်ကတည်းကပင် ပရိသတ်အားပေးမှုများပြားခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်ပြီး ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် မကြည့်လိုက်ရသူများအတွက် ပုံစံတစ်မျိုးဖြင့် ပြသနိုင်ရန်စီစဉ်ထားခြင်း ဖြစ်သည်။

“ညဇာတ်ကားက ပရိသတ်အားပေးမှု များပြားခဲ့တဲ့အတွက် ကျွန်တော်တို့အတွက် တကယ့်ကို ခွန်အားတွေ ဖြစ်ခဲ့ရပါတယ်။ အခု ဒီဇာတ်ကားလေးကို ရုံတင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ကြည့်ခွင့်မရလိုက်တဲ့သူတွေအတွက် ပုံစံတစ်မျိုးနဲ့ ကြည့်ခွင့်ရဖို့ စီစဉ်နေပါတယ်။ အခွေအဖြစ်ဖြန့်ချိဖို့လည်း ရည်ရွယ်ထားသလို တခြားသောပြသမှုစနစ် တစ်မျိုး၊ ဥပမာ-အွန်လိုင်းကနေ ဘယ်လိုပုံစံနဲ့ ကြည့်လို့ရမလဲပေါ့” ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဆိုသည်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးသည့် ‘ည’ ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်နက်ရှိုင်းကို၊ Russel ၊ မိုးယသော်၊ အောင်ရဲထိုက်၊ နန်းခေးမို၊ မြတ်နိုးအေး၊ ငြိမ်းသော်၊ နန်းထရေစီ၊ ချမ်းမင်းရဲထွဋ်၊ မေဆူးမောင်တို့ ပါဝင်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent