ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၇ အထိ ဆက်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၉၀၀၀ အထိရောက်လာကာ စံချိန်တင်ဈေးနှုန်းကိုကျော်ဖြတ်ရန် ကျပ် ၈၀၀၀ ကျော်သာလို

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၃၇ အထိ ဆက်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၉၀၀၀ အထိရောက်လာကာ စံချိန်တင်ဈေးနှုန်းကိုကျော်ဖြတ်ရန် ကျပ် ၈၀၀၀ ကျော်သာလို
Published 14 January 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၁၂ ရက် တွင် ဒေါ်လာ ၁၃၃၇ ဝန်းကျင်ဖြင့်ဈေးပိတ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၉၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကာ စံချိန်တင်ရွှေဈေးနှုန်းကို ကျော်ဖြတ်ရန် ကျပ် ၈၀၀၀ ကျော်သာလိုကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက် တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာ ဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင်  ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၃ ရက် တွင် ၉၁၃၂၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၁၃ ရက်တွင် ကျပ် ၉၄၉၀၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေးအနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂၇၀၀ (အောက်တိုဘာ ၁၅ ရက်)၊ နိုဝင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေး နှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၂၀၀ (ဒီဇင်ဘာ ၁၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၇၃၀၀ (ဒီ ဇင်ဘာ ၃၁ ရက်)၊ တို့ ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံးကမ္ဘာ့ ရွှေဈေးနှုန်းများမှာ ဇူလိုင်လတွင် ၁၂၀၅- ၁၂၆၈ ဒေါ်လာ၊ သြဂုတ်လတွင် ၁၂၅၈-၁၃၂၅ ဒေါ်လာ၊ စက်တင်ဘာလတွင် ၁၂၉၀ -၁၃၅၆ ဒေါ်လာ၊ အောက်တိုဘာလတွင် ၁၂၆၁-၁၃၀၃ ဒေါ်လာ၊ နိုဝင်ဘာလတွင် ၁၂၆၆-၁၂၉၆ ဒေါ်လာ၊ ဒီဇင်ဘာလတွင် ၁၂၃၈-၁၃၀၆ဒေါ်လာ ဖြစ်ပေါ်ခဲ့ပြီး ကွာဟ ချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၇၀ ကျော်အထိ ရှိခဲ့သည်။

Most Read

Most Recent