ကမ္ဘာ့ရွှေဈေး ၁၃၁၉ ဒေါ်လာဖြစ်နေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၇၅၀၀ ဝန်းကျင်ဆက်ရှိနေ

ကမ္ဘာ့ရွှေဈေး ၁၃၁၉ ဒေါ်လာဖြစ်နေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၇၅၀၀ ဝန်းကျင်ဆက်ရှိနေ
Published 7 January 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၅ ရက်တွင် ၁၃၁၉ ဒေါ်လာဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၇၅၀၀ ဝန်းကျင် ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက် တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက် တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာ ဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင်  ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၃ ရက်တွင် ၉၁၃၂၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၆ ရက်တွင် ကျပ် ၉၃၇၅၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက စက်တင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၂၅၀၀ (စက်တင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၅၇၃၀၀ (စက်တင်ဘာ ၁၅ ရက်)၊ အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂၇၀၀ (အောက်တိုဘာ ၁၅ ရက်)၊ နိုဝင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

Most Read

Most Recent