ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 13 April 2019

စပါး နှင့် ဟတ်ဒါဖီးလ်

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပြင်းထန်နေတဲ့အချိန် ဒီလိုပွဲမျိုးမှာ သေချာပေါက်ရ မယ့်အမှတ်ကို စပါးအသင်း လွှင့်ပစ်မှာမဟုတ်ဘူး။ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကစား ခဲ့ရပေမယ့် ဟတ်ဒါဖီးလ်လိုအသင်းဆီက အမှတ်ယူဖို့အတွက်လုံလောက်တဲ့ ခြေစွမ်းနဲ့ လူအင်အား စပါးမှာရှိပါတယ်။ အိမ်ကွင်းပွဲစဉ်လည်းဖြစ်လို့ နိုင်ပွဲသေချာသလို၊ ပြိုင်ဘက် ရဲ့အားနည်းမှုကြောင့် ဂိုးလည်းပြတ်နိုင်ပါတယ်။

ဘရိုက်တန် နှင့် ဘုန်းမောက်

ဘရိုက်တန်ရော၊ ဘုန်းမောက်ရောက တန်းဆင်းအန္တရာယ်ရှိနေကြသေးပေမယ့် စိတ် ပူစရာမရှိတဲ့အနေအထားတွေပါ။ ဒါပေမဲ့ သေချာပေါက်စိတ်ချချင်ရင်တော့ နိုင်ပွဲယူနိုင်ဖို့ လိုပါတယ်။ တန်းမဆင်းရဖို့အပြင် တခြားဘာရည်မှန်းချက်လည်း မရှိတော့တဲ့အသင်း တွေဖြစ်လို့ ဒီအတွက်ပဲ ရုန်းကန်ကြမှာဖြစ်တယ်။ လက်ရှိ ရလဒ်ပိုင်းသိပ်မကွာပေမယ့် ခြေစွမ်းပိုင်းမှာ ဘရိုက်တန်က ပိုကောင်းနေပါတယ်။ ဘရိုက်တန် သရေနဲ့အနိုင်ပဲ။

ဘန်လေ နှင့် ကာဒစ်ဖ်

ဘန်လေက ဝုလ်ဗ်နဲ့ ဘုန်းမောက်တို့ကို ဆက်တိုက်အနိုင်ကစားခဲ့တဲ့အတွက် ပရီး မီးယားလိဂ်မှာ ဆက်နေခွင့်ရဖို့ ပိုပြီးနီးစပ်လာပါတယ်။ ဒီပွဲကတော့ တန်းဆင်းဇုန်မှာ အ ဆင့် (၁၈)နေရာရောက်နေတဲ့အသင်းနဲ့ ပွဲဖြစ်လို့ ပိုအရေးကြီးတယ်။ ဒီပွဲကိုသာ အနိုင် ကစားခဲ့ရင် လက်ကျန် (၅)ပွဲမှာ ကာဒစ်ဖ်ကို (၁၁)မှတ်ဖြတ်ပြီး တန်းမဆင်းရဖို့ သေချာသ လောက်နီးပါးဖြစ်သွားမယ်။ ဘန်လေ အနိုင်ကစားမှာပါ။

ဖူလ်ဟမ် နှင့် အဲဗာတန်

လက်စတာ၊ ဝုလ်ဗ်နဲ့ အဲဗာတန်တို့ရဲ့အဆင့် (၇)နေရာလုပွဲကလည်း အကြိတ်အနယ် ဖြစ်နေတယ်။ အဲဗာတန်က ချယ်လ်ဆီး၊ ဝက်စ်ဟမ်း၊  အာဆင်နယ် ပွဲကျပ် (၃)ပွဲကို ဆက် တိုက်အနိုင်ကစားခဲ့တာက သူတို့ရဲ့မျှော်လင့်ချက်အတွက် ယုံကြည်မှုလည်း ပိုရှိလာခဲ့ပါ တယ်။ ဖူလ်ဟမ်က တန်းဆင်းခဲ့ပြီးဖြစ်သလို၊ နောက်ဆုံး (၈)ပွဲကိုပြန်ကြည့်ရင် သရေပွဲ တောင်မရှိခဲ့ဘူး။ အဲဗာတန် (၄)ပွဲဆက်နိုင်ပွဲကို ရယူနိုင်လိမ့်မယ်။

ဆောက်သမ်တန် နှင့် ဝုလ်ဗ်

ပရီးမီးယားလိဂ်မှာ (၂)သင်းက တန်းဆင်းသွားပြီဖြစ်ပြီး အဆင့် (၁၈)တစ်နေရာကို ပဲ ရှောင်ရတော့မှာဖြစ်တယ်။ ဆောက်သမ်တန်က အဆင့် (၁၈)က ကာဒစ်ဖ်နဲ့ (၅)မှတ် ကွာနေပြီး အနီးဆုံးပြိုင်ဘက်လည်းဖြစ်တယ်။ တန်းမဆင်းရဖို့ များတယ်ဆိုပေမယ့် သူနိုင်၊ ကိုယ်ရှုံးအနေအထားနဲ့ကြုံရင် (၂)မှတ်ပဲ ကွာတာမျိုးဖြစ်သွားနိုင်တယ်။ ဝုလ်ဗ်က အဆင့် (၇)နေရာအတွက်ကြိုးစားနေတဲ့အသင်းပါ။ ဒါပေမဲ့ ဆောက်သမ်တန်ရလဒ်ကောင်းမယ်။

မန်ယူ နှင့် ဝက်စ်ဟမ်း

ဝက်စ်ဟမ်းက နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာ အဲဗာတန်နဲ့ ချယ်လ်ဆီးတို့ကို (၀-၂)ဆို တဲ့ရလဒ်တွေနဲ့ ဆက်တိုက်ရှုံးခဲ့တယ်။ အထင်ကြီးလောက်စရာ ကစားသမားအင်အားရှိပြီး ခြေစွမ်းနဲ့ရလဒ်လည်းမဆိုးဘူး။ ဝက်စ်ဟမ်းမှာ ရည်မှန်းချက်ပျောက်နေတာတစ်ခုပဲ ပြော စရာရှိတယ်။ မန်ယူက အသည်းအသန်အမှတ်ရှာနေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာ အမှား ခံမှာမဟုတ်ဘူး။ မန်ယူ သေချာပေါက်နိုင်မယ်။ (၂-၀)လောက်ပဲဖြစ်မယ်။

Most Read

Most Recent