မတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို မာနေ ဆွတ်ခူး

မတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို မာနေ ဆွတ်ခူး
Photos : Twitter
Photos : Twitter
Published 12 April 2019

လီဗာပူးလ်အသင်း၏ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမား မာနေသည် ပြီးခဲ့သည့်မတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။



လီဗာပူးလ်အသင်း၏ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမား မာနေသည် ပြီးခဲ့သည့်မတ်လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။

အသက် (၂၇)နှစ်ရှိ မာနေသည် မတ်လအတွင်း လီဗာပူးလ်အသင်းကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲတွင် (၃)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးပေးခဲ့ပြီး ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်တွင်လည်း ဘိုင်ယန်မြူးနစ်အသင်းအား (၃-၁)ဂိုးဖြင့် အနိုင်ရခဲ့ရာ၌ အဖွွင့်ဂိုးနှင့် ပွဲသိမ်းအနိုင်ဂိုးတို့ကို သွင်းယူပေးခဲ့သူဖြစ်သည်။ 

 

 

 

မာနေသည် အဆိုပါဆုအား  အသင်းဖော် နောက်ခံလူ ရောဘတ်ဆန်၊ အဲဗာတန်အသင်းနောက်ခံလူ ကိုးလ်မန်း၊ မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား၊ လက်စတာအသင်းတိုက်စစ်မှူး ဗာဒီနှင့် ဆောက်သမ်တန်အသင်းကွင်းလယ်လူ ဝက်ပရောက်စ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် လက်ရှိအချိန်တွင် မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားထားပြီး ရမှတ် (၂)မှတ်အသာဖြင့် အမှတ်ပေးဇယားကိုဦးဆောင်နေကာ လာမည့်တနင်္ဂနွေညတွင် ချယ်လ်ဆီးအသင်းနှင့်ပွဲကျပ်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent