ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက မန်ယူကစားသမားများ၏လစာ(၂၅)ရာခိုင်နှုန်း အလျှော့ခံရမည်

ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက မန်ယူကစားသမားများ၏လစာ(၂၅)ရာခိုင်နှုန်း အလျှော့ခံရမည်
Photos : AFP
Photos : AFP
Published 11 April 2019

မန်ယူအသင်း၏ ကစားသမားများသည် လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်မရရှိပါက အသင်းနှင့် သဘောတူညီမှုယူထားသည့်အချက်များအရ လစာငွေ(၂၅)ရာခိုင်နှုန်းကို လျှော့ယူသွားရမည်ဖြစ်ကြောင်း သိရှိရသည်။

မန်ယူအသင်းသည် နောက်ပိုင်း ခေါ်ယူသည့်ကစားသမားများနှင့် မူလရှိပြီးသားကစားသမားများကို စာချုပ် သစ်ချုပ်ဆိုမှုများတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိပါက စာချုပ်ပါသဘောတူထားသည့်လစာငွေ၏ (၄)ပုံ၊ (၁)ပုံကို လျှော့ချသွားမည်ဖြစ်သည်ဟု ပါရှိသည်။

ယင်းနောက် ချန်ပီယံလိဂ်ဝင်ခွင့်ပြန်လည်ရရှိသည့်ရာသီမှသာ ယခင်လစာကို ပြန်ရလိမ့်မည်ဟု The Sun သတင်းစာက ဖော်ပြခဲ့ပြီး ယင်း အခြေအနေမှာ ပေါ့ဘာကို ရီးယဲလ်သို့ ပြောင်းစေနိုင်သည့်အချက်တစ် ချက်ဖြစ်လာနိုင်ကြောင်းလည်း The Sun က သုံးသပ်ခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူအသင်း၏ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သည့် စပိန်ကစားသမား အန်ဒရေဟာရဲရားကလည်း စာချုပ်သစ်နှင့်ပတ်သက်ပြီး မိမိနှင့် မန်ယူအသင်းအကြားတွင် တူညီသည့်အတွေးအခေါ် ရှိမနေဟု ဆိုခဲ့ပြီး ၎င်းကိုလည်း PSG က ခေါ်ယူလို်နေသည်။

Most Read

Most Recent