ကမ္ဘာ့ရွှေစျေး ၁၃၂၁ ဒေါ်လာ အထိ မြင့်တက်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၀၆၃၀၀၀ အထိ စံချိန်တင်ဆက်လက်မြင့်တက်

ကမ္ဘာ့ရွှေစျေး ၁၃၂၁ ဒေါ်လာ အထိ မြင့်တက်ပြီး ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၀၆၃၀၀၀ အထိ စံချိန်တင်ဆက်လက်မြင့်တက်
Published 31 January 2019

ဇန်နဝါရီ ၃၁ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၅ ပွိုင့်အောက်ဆင်းပြီး ပြည်တွင်းစျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၁၄ ကျပ်အထိ ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူ များထံမှ သိရသည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် သြဂုတ်၂ဝရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း စက်တင် ဘာ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ဆက်တက်ခဲ့သည်။

ထို့နောက်၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅  ရက်တွင် ၁၅၁၅ ကျပ်အထိကျဆင်းခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်တွင်    ၁၅၁၆ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ဇန်နဝါရီ  ၃၁ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၇၁၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၁၄ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၈ ကျပ်၊ ထိုင်းဘတ် ၄၇ ဒသမ ၈ ကျပ် ဖြစ်သည်။

Most Read

Most Recent