ကစားသမားများကို လူသိရှင်ကြားဝေဖန်ခြင်းမှာ စွန့်စားရာကျလွန်းသည်ဟု ဆာရီအား ဂူးလစ် သတိပေး

ကစားသမားများကို လူသိရှင်ကြားဝေဖန်ခြင်းမှာ စွန့်စားရာကျလွန်းသည်ဟု ဆာရီအား ဂူးလစ် သတိပေး
Photos: Sky Sports & Marca
Photos: Sky Sports & Marca
Published 26 January 2019

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ရုဒ်ဂူးလစ်က ဆာရီအနေဖြင့် ကစားသမားများကို လူသိရှင်ကြားဝေဖန်ခြင်းမှာ စွန့်စားလွန်းရာကျပြီး ယင်းသို့ဝေဖန်မှုမပြုခင် (၂) ခါပြန်စဉ်းစားသင့်ကြောင်း သတိပေးပြောကြားခဲ့သည်။ 

ဆာရီသည် အာဆင်နယ်အသင်းအား ရှုံးနိမ့်ပြီးနောက် ကစားသမားများ၏ အားထုတ်မှုနှင့် စိတ်ဓာတ်ပိုင်းက လူသိရှင်ကြားဝေဖန်ခဲ့သလို စပါးနှင့် လိဂ်ဖလားပွဲစဉ်မတိုင်မီတွင်လည်း ဟာဇက်အား ဝေဖန်ခဲ့သည်။

စပါးနှင့်ပွဲစဉ်အပြီးတွင် ဆာရီ၏ ပြောကြားမှုနှင့်ပတ်သက်ပြီး သတင်းထောက်များက ဟာဇက်အား မေးမြန်းခဲ့ရာ ဟာဇက်က ဆာရီ၏ဝေဖန်ပြောကြားမှုကို ဂရုမစိုက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ချယ်လ်ဆီးနည်းပြဟောင်း ဂူးလစ်က အသင်းကစားသမားများကို လူသိရှင်ကြားဝေဖန်ခြင်းမှာ အသင်း၏ စည်းလုံးမှုကို ပျက်ပြားစေပြီး အနုတ်သဘောဆောင်ကြောင်း ပြောကြားခဲ့သည်။

ဂူးလစ်က '' ဒီတစ်ပတ်အတွင်းမှာ ဆာရီအနေနဲ့ ကိုယ့်အသင်းကစားသမားတွေကို လူသိရှင်ကြားဝေဖန်တာက အရမ်းအရမ်းကို စွန့်စားလွန်းရာကျပါတယ်။ ကိုယ်ကမှန်နေတယ်ဆိုရင်တောင် ဒီလုပ်ရပ်က စွန့်စားမှုများတဲ့ လုပ်ရပ်သာဖြစ်ပါတယ်။ တကယ်လို့ နည်းပြတွေအနေနဲ့ ကစားသမားတွေကို ပြောစရာရှိတယ်ဆိုရင် အချင်းချင်းသိုသိုသိပ်သိပ်ပြောတာက ပိုအဆင်ပြေပါလိမ့်မယ်။ ကျွန်တော်ဘောလုံးကစားတုန်းကလည်း နည်းပြရဲ့ လူသိရှင်ကြားဝေဖန်တာမျိုးကို ကျွန်တော်မကြိုက်ပါဘူး။ ကိုယ့်ကစားသမားတွေကို လူသိရှင်ကြားဝေဖန်တာက ဘယ်သူ့အတွက်မှ အကျိုးအမြတ်မရှိဘဲ အကျိုးအမြတ်ရသွားသူတွေက မီဒီယာတွေသာဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့ပြင် ဂူးလစ်က ဟာဇက်မှာ ချယ်လ်ဆီးအသင်း၏ အကောင်းဆုံးကစားသမားဖြစ်ပြီး အသင်းအနေဖြင့် ဟာဇက်အပေါ်အလွန်အကျွံအားကိုးနေကြောင်းနှင့် ဆာရီအနေဖြင့် အသင်းအတွင်း စည်းလုံးညီညွတ်အောင် အကောင်းဆုံးကြိုးစားသင့်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

Most Read

Most Recent