ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေ ကျပ်ဘီလျံ ၃၀ ကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ၂၀၁၄ ခုနှစ်က ထုတ်ချေးထားပြီး လက်ရှိတွင် ချေးငွေပြန်ဆပ်ရန် ၁၁ ဘီလျံ ကျန်ရှိနေကြောင်းသိရ

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေ ကျပ်ဘီလျံ ၃၀ ကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ၂၀၁၄ ခုနှစ်က ထုတ်ချေးထားပြီး လက်ရှိတွင် ချေးငွေပြန်ဆပ်ရန် ၁၁ ဘီလျံ ကျန်ရှိနေကြောင်းသိရ
ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းမှ ရတနာနှင်းဆီအိမ်ရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းမှ ရတနာနှင်းဆီအိမ်ရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 6 January 2019
နီလာ

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေ ကျပ်ဘီလျံ ၃၀ ကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ၂၀၁၄ ခုနှစ်အတွင်းက ထုတ်ချေးထားပြီး လက်ရှိတွင် အဆိုပါ ချေးငွေပြန်ဆပ်ရန် ၁၁ ဘီလျံကျန်ရှိနေကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ (၂၀၁၇-၂၀၁၈)အရ သိရသည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းအတွက် ၂၀၁၄ ခုနှစ် စက် တင်ဘာ ၁၅ ရက်မှစ၍ မြန်မာ့စီး ပွားရေးဘဏ်မှ သုံးနှစ်သက်တမ်း ချေးငွေ ကျပ် ဘီလျံ ၃၀ ရယူခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ထုတ်ချေးခဲ့ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်က ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက် မှ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၄ ရက် အထိ ချေးငွေသက်တမ်းတစ်နှစ် တိုးမြှင့်ပေးခဲ့ပြီး ကျပ်ဘီလျံ ၃၀ အနက် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက် အထိ ကျပ် ၁၅ ဘီလျံပေးဆပ်ပြီး ဖြစ်သဖြင့် ကျပ် ၁၅ ဘီလျံ ပေးဆပ် ရန်ကျန်ရှိကြောင်း ဖော်ပြထား သည်။

ယင်းချေးငွေကျပ်ဘီလျံ ၃၀ အား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနသို့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၄ ရက်အထိ ချေးငွေသက်တမ်း တစ်နှစ်တိုးမြှင့်ထုတ်ချေးပေးခဲ့ရာ ကျပ်ဘီလျံ ၃ဝအနက် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက် အထိ ကျပ် ၁၉ ဘီလျံ ပေးဆပ်ပြီးဖြစ်သဖြင့် မြို့ပြ နှင့်အိမ် ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျပ် ၁၁ ဘီလျံ ပေးဆပ်ရန် ကျန်ရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက ဦးဆောင်ပြီး ပုဂ္ဂလိကမှ လုပ်ငန်းရှင်များဖြင့် ပူးပေါင်း အ ကောင်အထည်ဖော်နေခြင်းဖြစ်ရာ ယင်းစီမံကိန်းမှ ရတနာနှင်းဆီအိမ် ရာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။

တန်ဖိုးသင့်နှင့် တန်ဖိုးနည်း အိမ်ရာများ ပိုမိုပေါ်ထွက်လာစေ ရန်အတွက် နိုင်ငံတော်အစိုးရအနေ ြ ဖင့် ပုဂ္ဂလိလုပ်ငန်းရှင်များလုပ်ကိုင် ရန် အိမ်ရာစီမံကိန်း ၂၀ ခွင့်ပြု ပေး ထားပြီး ဆက်လက်ဆောင်ရွက် နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ထားသော လုပ်ငန်းများကို ဖိအားပေး၍ အမြန်ဆုံး တည်ဆောက်ခိုင်းမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါ ပုဂ္ဂလိကလုပ်ငန်း ရှင်များ ဆောင်ရွက်နေသည့် စီမံ ကိန်း ၂၀ ကိုတည် ဆောက်ပြီးစီးပါက နိုင်ငံတော်အတွက် တန်ဖိုးအလယ် အလတ်နှင့် တန်ဖိုးနည်းတိုက်ခန်းများ ပိုမိုတိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အစိုးရပိုင်းက လက်ရှိအချိန်အထိ အိမ်ရာ အခန်းပေါင်း ၆၅၀၀၀ ခန့် တည် ဆောက်ပေးထားပြီး လာမည့်နှစ်များ၌ တစ်နှစ်ကို အိမ်ရာအခန်း ပေါင်း ၂၀၀၀ မှ ၃၀၀၀ အကြား ဆက်လက်တည်ဆောက်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ပြီး အငှားအိမ်ရာ ၄၀၀ ကျော်ကိုလည်း တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး လက်ရှိအချိန် တွင် ဝန်ထမ်းအိမ်ရာများကိုလည်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ဆောက်လျက် ရှိကြောင်း၊ ကျန်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ၎င်းတို့၏ အစီအစဉ်များဖြင့် ဆောက်လုပ်ရန် စီစဉ် လျက်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ် အရောက်တွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းပြီးအိမ်ရာ တစ်သန်းအထိ ဖော်ထုတ်နိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း အိမ်ရာဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်း ရေးဆွဲထားရာ စုစုပေါင်း အိမ်ရာ ၁ ဒသမ ၈ သိန်း အထိ အကောင်အထည်ဖော် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် တန်ဖိုးမြင့် အိမ်ရာစျေးကွက် လိုအပ်ချက်ကို ပုဂ္ဂလိက,က ဖြည့်ဆည်းနိုင်သော်လည်း တန်ဖိုးအလယ်အလတ်နှင့် တန်ဖိုးနည်းအိမ်ရာ စျေးကွက်ကို ဖော်ဆောင်သည့်နေရာတွင် ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်း မရှိသေးပေ။

အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးသည် လူမှုရေးဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့်အတွက် အစိုးရကိုယ်တိုင် ဦးဆောင်အကောင်အထည် ဖော်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး အိမ်ခြံမြေစျေးကွက် ဖွံ့ဖြိုးရေးမှာ စျေးကွက် သဘောအရ စျေးကွက်ကပင် မောင်းနှင်နိုင်မည် ဖြစ်ကြောင်း သိရသည်။