လက်ရှိဘဏ္ဍာနှစ် တစ်လအတွင်း ပြည်ပသို့ CMP ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရရှိထားပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၃၁ ရာခိုင်နှုန်းကျော်ရှိနေ

လက်ရှိဘဏ္ဍာနှစ် တစ်လအတွင်း ပြည်ပသို့ CMP ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်ရရှိထားပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၃၁ ရာခိုင်နှုန်းကျော်ရှိနေ
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 15 November 2018
ဇေယျာငြိမ်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်လအ တွင်း  မြန်မာနိုင်ငံမှ ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်)တင်ပို့မှုမှ အမေရိကန်ဒေါ် လာ သန်း ၃၀၀ ခန့်ရရှိထားပြီး စုစုပေါင်း ပို့ ကုန်တင်ပို့မှုတန်ဖိုး၏ ၃၁ ရာခိုင်နှုန်းကျော်ရှိ နေကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ တစ်လအတွင်း ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၂၉၅ ဒသမ ၇၇ သန်းအထိရရှိထားခြင်းဖြစ်သည်။

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ၂၀၁၃ ခုနှစ် ဇွန်လက ပြန်လည်ပေးအပ်ခဲ့သည့်အတွက် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုသည် ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာတစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၈၄၉ ဒသမ ၇၃၅ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၈၃၆ ဘီလျံကျော်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂ ဒသမ ၅၈၂ ဘီလျံ ကျော်အထိ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခု ၂၀၁၈ ခုနှစ်အတွင် အီးယူ (ဥရော ပသမဂ္ဂ) အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် (ချုပ်ပြီးအထည်) အော်ဒါမှာယူမှုသည် ယခင်နှစ်ထက် နှစ်ဆအထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) အများဆုံး တင်ပို့ထားသည့် ၁၀ နိုင်ငံကို လေ့လာကြည့်ပါက EU အဖွဲ့ဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံအထိ ရှိသည်။

လက်ရှိအချိန်တွင်မူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအထွေထွေ အခွင့်အရေး GSP/EBA ကို ဖယ်ရှားရန် စဉ်းစားနေကြောင်း သိရသည်။

အထည်ချုပ် (ချုပ်ပြီးအထည်) အများဆုံး တင်ပို့ထားသည့် နိုင်ငံများမှာ ဂျာမနီနိုင်ငံ၊ U.K၊ စပိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဒိန်းမတ်နိုင်ငံ၊ အီတလီနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ဖြစ်ကြောင်း၊ ယင်းအနက် ဂျာမနီ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ အဓိက အများဆုံး တင်ပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့်  နိုင်ငံသားပိုင် စက်ရုံများနှင့် နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်သည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဖက်စပ်လုပ်ကိုင်သည့် ပြည်ပနိုင်ငံများတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အများဆုံး လာရောက် လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံကို ကုန်ကြမ်းပိတ်စကို တင်သွင်းကာ CMP စနစ်ဖြင့် အထည်ချုပ် (ချုပ်ပြီးအထည်) မှာယူတင်သွင်းနေသည့် နိုင်ငံများတွင် ဂျပန်၊ ကိုရီးယားနှင့် အီးယူနိုင်ငံများမှ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များထံမှ သိရသည်။

 

Most Read

Most Recent