ကာဒိုဆိုအား နည်းပြသစ်အဖြစ် ဆယ်လ်တာဗီဂိုအသင်းခန့်အပ်

ကာဒိုဆိုအား နည်းပြသစ်အဖြစ် ဆယ်လ်တာဗီဂိုအသင်းခန့်အပ်
Photo: Getty Images
Photo: Getty Images
Published 14 November 2018

 

စပိန်ကလပ် ဆယ်လ်တာဗီဂိုအသင်းသည် အသင်းနည်းပြ မိုဟာမက်ကို ရာထူးမှထုတ်ပယ်ပြီး နန့်စ်အသင်းနည်းပြဟောင်း ကာဒိုဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ကြောင်းသိရသည်။

မိုဟာမက်သည် ပြီးခဲ့သည့် မေလကမှ (၂)နှစ်စာချုပ်ဖြင့် ဆယ်လ်တာဗီဂိုအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး (၁၃) ပွဲသာကိုင်တွယ်ခဲ့ရကြောင်းသိရသည်။ ဆယ်လ်တာဗီဂိုအသင်းသည် နောက်ဆုံး (၁၀) ပွဲတွင် (၁) ပွဲသာအနိုင်ရရှိခဲ့သည့်အတွက် မိုဟာမက်ကို ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ဆယ်လ်တာဗီဂိုအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းအား (၂-၄) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် မိုဟာမက်အားထုတ်ပယ်ခဲ့ခြင်းဖြစ်ပြီး ကာဒိုဆိုကို ချက်ချင်းခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

အသက် (၄၆) နှစ်အရွယ် ပေါ်တူဂီလူမျိုးနည်းပြ ကာဒိုဆိုသည် ပြီးခဲ့သည့် အောက်တိုဘာလကမှ နန့်စ်အသင်းမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး၊ ၄င်းကို စာချုပ်သက်တမ်းမည်မျှချုပ်ဆိုခဲ့သည်ဆိုခြင်းအား ဆယ်လ်တာဗီဂိုအသင်းမှ ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်းသိရသည်။

မိုဟာမက်သည်ယခုနှစ် လာလီဂါပြိုင်ပွဲတွင် ဟူဆကာနည်းပြလီယိုဖရန်ကို၊ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ လိုပယ်တယ်ဟီတို့နောက်ပိုင်း တတိယမြောက်ရာထူးမှ ထုတ်ပယ်ခံရသည့်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆယ်လ်တာဗီဂိုအသင်းသည် ယခုနှစ်လာလီဂါပြိုင်ပွဲ ပွဲစဉ် (၁၂) အပြီးတွင် ရမှတ် (၁၄) မှတ်ဖြင့် အမှတ်ပေးဇယား၏ အဆင့် (၁၄) နေရာတွင်ရပ်တည်လျက်ရှိသည်။

Most Read

Most Recent