ရီးယဲလ်အသင်း၏ စတုတ္ထမြောက်အာဂျင်တိုင်းနည်းပြအဖြစ် ဆိုလာရီ မှတ်တမ်းဝင်

ရီးယဲလ်အသင်း၏ စတုတ္ထမြောက်အာဂျင်တိုင်းနည်းပြအဖြစ် ဆိုလာရီ မှတ်တမ်းဝင်
Photo: Marca
Photo: Marca
Published 13 November 2018



ရီးယဲလ်မက်ဒရစ်အသင်းနည်းပြသစ် ဆိုလာရီသည် အသင်း၏အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရသည့် စတုတ္ထမြောက် အာဂျင်တီးနားနိုင်ငံသားနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ရီးယဲလ်အသင်းကို ယခင်က အာဂျင်တီးနားနည်းပြများဖြစ်သည့် ကာနစ်လီယာ၊  ဒီစတီဖာနို၊ ဗယ်လ်ဒါနိုတို့က ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။



ဆိုလာရီမှာ ရီးယဲလ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်လက်အောက်တွင် (၁၅) ရာသီအတွင်း (၁၃) ဦးမြောက် ခန့်အပ်ခံရသည့်နည်းပြလည်း ဖြစ်လာခဲ့သည်။



ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်ဇွန်လကမှ ခန့်အပ်ခဲ့သည့် နည်းပြ လိုပယ်တယ်ဟီကို ရလဒ်ဆိုးများကြောင့် ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် အရန်အသင်းနည်းပြ ဆိုလာရီကို ယာယီအစားထိုးခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်း၏အမြဲတမ်းနည်းပြအဖြစ် နာမည်ကျော်နည်းပြ အများအပြား ရေပန်းစားခဲ့သော်လည်း နောက်ဆုံးတွင် ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့သည့် လေးပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဆိုလာရီကိုပင် ၂၀၂၁ ခုနှစ် ဇွန်လအထိ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဆိုလာရီသည် အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံး(၄)ပွဲဆက် အနိုင်ရရှိသည့်နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

Most Read

Most Recent