ပြင်သစ်အသင်း၏ လူစာရင်းမှ ပေါ့ဘာနှင့် မာစီယဲလ်တို့ နုတ်ထွက်

ပြင်သစ်အသင်း၏ လူစာရင်းမှ ပေါ့ဘာနှင့် မာစီယဲလ်တို့ နုတ်ထွက်
Published 13 November 2018

မန်ယူကစားသမားများဖြစ်သည့် ပေါ့ဘာနှင့် မာစီယဲလ်တို့မှာ ဒဏ်ရာအကြောင်းပြချက်များဖြင့် ယခုရက်သတ္တပတ်အတွင်း နယ်သာလန်၊ ဥရုဂွေးတို့ နှင့် ယှဉ်ပြိုင်ကစားရမည့် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြကြောင်း သိရှိရသည်။

ပေါ့ဘာမှာ ဘယ်ဘက်ပေါင်ကြွက်သားဒဏ်ရာနှင့် မာစီယဲလ်မှာ ကြွက်သားဒဏ်ရာ ပြဿနာများရှိနေသဖြင့် လက်ရွေးစင်အသင်းအတွက်ကစားခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်သည် ပေါ့ဘာနှင့် မာစီယဲလ်တို့၏ နေရာတွင် မူဆာဆစ်ဆိုကို၊ လာကာဇက်တို့နှင့် အစားထိုးခဲ့သည်။

သို့သော် လာကာဇက်မှာလည်း ဒဏ်ရာရှိနေသဖြင့် လက်ရွေးစင်အသင်းနှင့်မပူးပေါင်းနိုင်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပြီး မိုချန်ဂလာဘတ်တိုက်စစ်မှူး ပယ်လီယာနှင့် ထပ်မံအစားထိုးခဲ့သည်။

မန်စီးတီးနောက်ခံလူ မန်ဒီမှာ ဘယ်ဘက်ဒူးဒဏ်ရာကြောင့် လက်ရွေးစင်အသင်းအခြေစိုက်ရာသို့ ရောက်ရှိပြီးမှ ကလပ်အသင်းသို့ ပြန်သွားခဲ့ပြီး ၎င်း၏နေရာတွင် လိုင်ယွန်နောက်ခံလူ ဖာလန်းမန်ဒီနှင့် အစားထိုးရွေးချယ်ခဲ့သည်။

ပြင်သစ်အသင်းတွင် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည့်အသင်းမှ လူမာနှင့် လူးကပ်စ်ဟာနန်ဒက်ဇ်တို့မှာလည်း အစောပိုင်းကတည်းက ပါဝင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

■ ပြင်သစ်အသင်းလူစာရင်း

ဂိုး- လိုရစ်(စပါး)၊ မန်ဒန်ဒါ (မာဆေးလ်)၊ အာရီယိုလာ(PSG)

နောက်တန်း- ပါဗာ(စတုဂတ်)၊  ကင်ပမ်ဘေ(PSG)၊ ဗာရန်း(ရီးယဲလ်မက်ဒရစ်)၊ ဆာခို(ခရစ္စတယ်ပဲလေ့စ်)၊ ဒစ်ဂ်နေး(အဲဗာတန်)၊ ရာမီ(မာဆေးလ်)၊ ဆီဒီဘီ(မိုနာကို)၊ မန်ဒီ(လိုင်ယွန်)

အလယ်တန်း- ဆစ်ဆိုကို(စပါး)၊ အန်ဒွန်ဘီလီ(လိုင်ယွန်)၊ ကွန်တေ(ချယ်လ်ဆီး)၊ မာတွီဒီ (ဂျူဗင်တပ်စ်)၊ အန်ဇွန်ဇီ(ရိုးမား)

ရှေ့တန်း- ဂရီးဇ်မန်း( အက်သလက်တီကို)၊ ဂျရူး(ချယ်လ်ဆီး)၊ ဘာပေ(PSG)၊ ဒမ်ဘီလီ(ဘာစီလိုနာ)၊ ဖယ်ကီယာ(လိုင်ယွန်)၊ သာအူဗင်(မာဆေးလ်)၊ ပယ်လီယာ(မိုချန်ဂလာဘတ်)

 

Most Read

Most Recent