'' မြန်မာအသင်း အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်''

'' မြန်မာအသင်း အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်''
Published 13 November 2018

'' မြန်မာအသင်း အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်''

(ကမ္ဘောဒီးယားအသင်းနည်းပြချုပ် ဟွန်ဒါနှင့်တွေ့ဆုံခြင်း

မေး - ပထမပိုင်းမှာ တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ (၄)ဂိုးပေးလိုက် ရပြီး ရှုံးသွားတာ ဘာကြောင့်လဲ။

ဖြေ - အခုပွဲအရှုံးရလဒ်အတွက် စိတ်မကောင်းပါဘူး။ ကစားသမား တွေအနေနဲ့ အကောင်းဆုံးကြိုးစားခဲ့တာပါ။ ဒုတိယပိုင်းမှာ အနိုင်ဂိုးကို ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် လိုသလိုမဖြစ်ခဲ့ပါဘူး။ မြန်မာအသင်းတိုက် စစ်က ဒုတိယပိုင်းမှာ တော်တော်ကောင်းခဲ့ပါတယ်။ သူတို့အသင်း အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်။

မေး - (၂)ပွဲဆက်အရှုံးရလဒ်ကြောင့် ကမ္ဘောဒီးယားအသင်းအနေနဲ့ ဆီမီးဖိုင်နယ် တက်ခွင့် ဘယ်လောက်အထိ အခွင့်အရေးနည်းသွားပြီလဲ။

ဖြေ - အုပ်စုက (၄)ပွဲပဲ ကစားရမှာဖြစ်ပြီး (၂)ပွဲရှုံးသွားပြီဆိုတော့ အခွင့်အရေးကတော့ နည်းသွားပါပြီ။ ဒါပေမဲ့ မျှော်လင့်ချက် လုံးဝကုန် သွားတာမဟုတ်သေးလို့ လက်ကျန်(၂)ပွဲမှာ အကောင်းဆုံးကြိုးစားမှာပါ။

မေး - မြန်မာအသင်းအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ - မြန်မာအသင်းက အလားအလာကောင်းတွေ အများကြီးရှိပါ တယ်။ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါ တယ်။ နံပါတ်-၁၀ ဝင်လာတာ သူတို့အတွက် အရမ်းကောင်းသွားပါတယ်။

မေး - ကမ္ဘောဒီးယားအသင်းနည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့တာ ဘာကြောင့်ပါလဲ။

ဖြေ - ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိပါတယ်။ သူတို့ဘောလုံးလောကကို ကျွန်တော်စိတ်ဝင်စားပါတယ်။ သူတို့ဘောလုံးလောကကို တိုးတက်အောင် လုပ်ပေးချင်ပါတယ်။ ဒါ ကြောင့် လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့တာပါ။

မေး - ကလပ်အသင်းမှာ ကစားနေပြီး ကမ္ဘောဒီးယားလက်ရွေးစင်အသင်းကို အချိန် ပြည့်တာဝန်မယူနိုင်တာကြောင့် ကိုင်တွယ်ရတာ အဆင်ပြေရဲ့လား။

ဖြေ - ကျွန်တော်က သြစတြေးလျကလပ်မှာ ကစားနေတာကြောင့် ကမ္ဘောဒီးယားကို အချိန်ပြည့်မကိုင်နိုင်သေးတာပါ။ ဒီအတွက် နည်းပြအဖွဲ့ကို အရမ်းကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဂွန်ဇာလက်က အသင်းကို အလုံးစုံတာဝန်ယူပေးထားတာပါ။ ကျွန်တော်က အချိန်ပြည့် တာဝန်မယူနိုင်ပေမယ့် အွန်လိုင်းကနေ ညွှန်ကြားပါတယ်။ နောင်တစ်ချိန်မှာ အချိန်ပြည့်တာဝန်ယူနိုင်အောင် ကြိုးစားမှာပါ။

 

Most Read

Most Recent