မန်ယူကစားသမားများ စိတ်ပိုင်းဆိုင်ရာ ဖိအားများနေခဲ့သည်ဟု မော်ရင်ဟို အကြောင်းပြ

မန်ယူကစားသမားများ စိတ်ပိုင်းဆိုင်ရာ ဖိအားများနေခဲ့သည်ဟု မော်ရင်ဟို အကြောင်းပြ
Published 12 November 2018

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ကစားသမားများ စိတ်ပိုင်းဆိုင်ရာဖိအားများနေခြင်းကြောင့် အမှားကျူးလွန်ခဲ့သည်ဟု မန်စီးတီးအသင်းအား (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ဒါဘီအဝေးကွင်းပွဲစဉ်အပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

'' အရာအားလုံး ဆိုးရွားခဲ့တယ်လို့တော့ ကျွန်တော် မယူဆပါဘူး။ အမှားတွေရှိခဲ့လို့ ကျွန်တော်တို့ ပေးဆပ်လိုက်ရတာပါ။ ပေးလိုက်ရတဲ့ ဂိုး(၃)ဂိုးစလုံးဟာ ကျွန်တော်တို့ရဲ့အမှားတွေပါပဲ။ မန်စီးတီးလို အသင်းတစ်သင်းနဲ့ ရင်ဆိုင်ကစားရတာဟာ အမှားလုပ်မိတာနဲ့ ပေးဆပ်ရတဲ့ တန်ဖိုးကြီးမားပါတယ်။ ကျွန်တော်တို့ဟာ ဂျူဗင်တပ်စ်နဲ့ မန်စီးတီးအသင်းတို့နဲ့ အဝေးကွင်း(၂)ပွဲဆက် ကစားခဲ့ရတယ်။ အသင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာသိပ်မရှိပေမယ့် စိတ်ပိုင်းဆိုင်ရာဖိအားတော့ရှိခဲ့ပါတယ်။ တချို့ကစားသမားတွေက ဒီပြဿနာအနည်းငယ်ရှိတယ်လို့ ယူဆပါတယ်။ ပထမဆုံးအဆိုးက တစ်ဂိုးပေးခဲ့ရတာပါ။ ဒုတိယဂိုးက ပိုတောင်ဆိုးပါသေးတယ်။ တတိယဂိုးကတော့ အရာအားလုံးကို သတ်ခဲ့တာပါ'' ဟု မော်ရင်ဟိုက Sky Sports ရုပ်သံသို့ ပြောကြားခဲ့သည်။

မော်ရင်ဟိုက မန်စီးတီးနှင့်ပွဲရလဒ်မှာ ၎င်းလိုချင်သည့်ရလဒ်မဟုတ်ကြောင်းလည်း ဝန်ခံခဲ့သည်။

ထို့ပြင် ၎င်းက ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရေးနှင့်ပတ်သက်ပြီး '' အခု ကျွန်တော်တို့က ထိပ်ဆုံး(၄)သင်းပြင်ပမှာပါ။ ချန်ပီယံဆုအကြောင်း ဘယ်လိုပြောနိုင်မှာလဲ။ ထိပ်ဆုံး(၄)သင်းနဲ့ အမှတ်ကွာဟချက်ကို ကျဉ်းမြောင်းအောင်ပဲ ကျွန်တော်တို့ ကြိုးပမ်းရမယ်''ဟုလည်း မှတ်ချက်ပြုခဲ့သည်။

မန်ယူအသင်းသည် လက်ရှိတွင် နံပါတ်(၄)နေရာ၌ရပ်တည်နေပြီး နံပါတ်(၄)နေရာမှ စပါးအသင်းနှင့် (၇)မှတ်အထိ ကွာဟလျက်ရှိသည်။

Most Read

Most Recent