PSG အသင်းမှာ ပွဲကစားရချိန် လျော့ကျနေတဲ့အတွက် ဒမ်ဘီလီ စိတ်ပျက်နေ

PSG အသင်းမှာ ပွဲကစားရချိန် လျော့ကျနေတဲ့အတွက် ဒမ်ဘီလီ စိတ်ပျက်နေ
Photo: X
Photo: X
Published 24 December 2025

PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ အသင်းမှာ ပွဲကစားရချိန် လျော့ကျနေတဲ့အတွက် စိတ်ပျက်နေကြောင်း သိရပါတယ်။

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ PSG အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုနဲ့ The Best ဆုတွေလည်း ရရှိထားပါတယ်။

ဒါပေမဲ့ ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲကစားရချိန် လျော့ကျနေခြင်းဖြစ်ပြီး ပြင်သစ်လီဂူး(၈)ပွဲမှာ (၃)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ကြောင်း သိရပါတယ်။

ဒမ်ဘီလီဟာ စက်တင်ဘာလဆန်းပိုင်းမှာ ပြင်သစ်အသင်းအတွက် ယှဉ်ပြိုင်ကစားစဉ် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် (၆)ပတ်ကြာအနားယူခဲ့ရပြီး အောက်တိုဘာတတိယပတ်မှာမှ ပြန်ကစားနိုင်ခဲ့သလို၊ နိုဝင်ဘာလအတွင်းမှာလည်း ဒဏ်ရာထပ်ရခဲ့ပါတယ်။

ဒါကြောင့် PSG နည်းပြ အန်နရီကေးက သူ့ရဲ့ ပွဲကစားချိန်တွေကို လျှော့ချနေတာဖြစ်ပေမဲ့ ဒမ်ဘီလီကတော့ ပွဲထွက်ကစားနိုင်ပြီလို့ ယုံကြည်နေတာကြောင့် စိတ်ပျက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent