ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်တယ်လို့ ရပ်ရှ်ဖို့ဒ် ပြောကြား

ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်တယ်လို့ ရပ်ရှ်ဖို့ဒ် ပြောကြား
Photo: X
Photo: X
Published 24 October 2025

မန်ယူကနေ ဘာစီလိုနာကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပေမဲ့ နည်းပြ အာမိုရင်မ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ဆောင်းရာသီစျေးကွက်တုန်းက အက်စတွန်ဗီလာအသင်းထံ အငှားသွားကစားခဲ့သလို၊ ဒီနွေမှာ ဘာစီလိုနာအသင်းဆီ ရောက်ခဲ့တာပါ။

ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်ကို တစ်ရာသီအငှားစာချုပ်သာ ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ ယူရို(၃၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီမှုလည်း ရယူထားပါတယ်။

လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းအတွက် (၁၂)ပွဲကစားရာမှာ (၅)ဂိုးသွင်းယူကာ ခြေစွမ်းပြနေပြီး အသင်းမှာ ပျော်ရွှင်နေတာကြောင့် အပြီးသတ်စာချုပ်ချုပ်ဆိုလိုကြောင်း ပြောကြားခဲ့တာပါ။

''ကျွန်တော် တစ်နေရာတည်းမှာ နှစ်ပေါင်းများစွာ နေခဲ့တာပါ။ ဒါကြောင့် အပြောင်းအလဲလုပ်ဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာနဲ့ ပထမဆုံးဆွေးနွေးဖူးတာမဟုတ်ပေမဲ့ ဒီတစ်ကြိမ်က မှန်ကန်တဲ့အချိန် ဖြစ်တယ်လို့ ထင်ပါတယ်။ ဒီအသင်းမှာ ကျွန်တော် ပျော်ရွှင်နေပြီး ဘာစီလိုနာဟာ ဘောလုံးကို ချစ်အောင် လုပ်ဆောင်ပေးတဲ့ အသင်းတစ်သင်းလို့လည်း ကျွန်တော် ထင်ပါတယ်။ ဒီမှာ ကျွန်တော် ဆက်ရှိသွားဖို့ မျှော်လင့်ပါတယ်'' လို့ ရပ်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent