ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုးစာချုပ်ချုပ်ဆို

ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ ဘာစီလိုနာအသင်း သက်တမ်းတိုးစာချုပ်ချုပ်ဆို
Photo: FC Barcelona
Photo: FC Barcelona
Published 15 October 2025

ဘာစီလိုနာအသင်းဟာ နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

ဒီယွန်း(၂၈ နှစ်)ဟာ ၂၀၁၉ ဇန်နဝါရီမှာ အေဂျက်စ်ကနေ ဘာစီလိုနာကို ယူရို(၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက သူ့ရဲ့ မြင့်မားတဲ့ လစာနှုန်းထားကြောင့် ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်းလည်း သတင်းထွက်ခဲ့ပေမဲ့ အသင်းမှာဆက်ရှိနေခဲ့တဲ့အပြင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။

ဒါပေမဲ့ ဒီယွန်းဟာ အရင်စာချုပ်အရ တစ်နှစ်လစာ ယူရို(၁၉)သန်းရရှိခဲ့ပေမဲ့ စာချုပ်သစ်မှာ တစ်နှစ်ယူရို(၁၀)သန်းနှုန်းသာရရှိတော့မှာဖြစ်ပြီး စာချုပ်လျော်ကြေးကိုတော့ ယူရိုသန်း(၄၀၀)ကနေ ယူရိုသန်း(၅၀၀)ကို တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

ဒီယွန်းကတော့ သူ လစာဘယ်လောက်ရနေသလဲဆိုတာ ပြောမပြနိုင်ပေမဲ့ သတင်းတွေမှာ ဖော်ပြနေတာကတော့ အလွန်အမင်းချဲ့ကားနေကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent