ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ဘာစီလိုနာ ငြင်းဆန်

ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ဘာစီလိုနာ ငြင်းဆန်
Photo: X
Photo: X
Published 15 October 2025

ဘာစီလိုနာအသင်းဟာ ကြယ်ပွင့်ကစားသမား ယမားလ်အတွက် ယူရိုသန်း(၄၀၀)နဲ့ ကမ်းလှမ်းမှု ရရှိထားတယ်ဆိုတဲ့သတင်းကို ငြင်းဆန်ခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။

အသက်(၁၈)နှစ်သာရှိသေးပေမဲ့ ဘာစီလိုနာအသင်းအတွက်ရော စပိန်လက်ရွေးစင်အသင်းအတွက်ပါ အားအထားရဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေတဲ့ ယမားလ်ကို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက လာမယ့်ဇန်နဝါရီမှာ ခေါ်ယူဖို့ ယူရိုသန်း(၄၀၀)နဲ့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း  သတင်းထွက်ခဲ့တာပါ။

ယမားလ်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ဆုကြေးတွေကိုပါ ထည့်တွက်ရင် တစ်နှစ်ကို ယူရိုသန်း(၄၀)ဝန်းကျင်အထိ ရရှိနေပေမဲ့ လက်ရှိအချိန်မှာ နည်းပြနဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေ ရှိနေတာကြောင့် အသင်းပြောင်းရွှေ့နိုင်ကြောင်း ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက ကမ်းလှမ်းမှုရရှိထားခြင်းမရှိသလို၊ ယမားလ်ကို လုံးဝရောင်းထုတ်မှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ယမားလ်ကို Not for Sale လို့ တံဆိပ်ကပ်ထားပေမဲ့ PSG နဲ့ မန်စီးတီးတို့ကတော့ အခြေအနေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

Most Read

Most Recent