မန်ယူနည်းပြ တန်ဟက်ဂ်နေရာ ဆောက်ဂိတ် အစားဝင်ရန် ပိုမိုရေပန်းစားလာ

မန်ယူနည်းပြ တန်ဟက်ဂ်နေရာ ဆောက်ဂိတ် အစားဝင်ရန် ပိုမိုရေပန်းစားလာ
Photo: Getty Images
Photo: Getty Images
Published 3 September 2024

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်သည် လီဗာပူးလ်အသင်းအား အိမ်ကွင်းတွင် (၀-၃)ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားမှုမြင့်တက်လာခဲ့ပြီး ၎င်း၏နေရာကို အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ် အစားဝင်ရန်လည်း ပိုမိုရေပန်းစားလာကြောင်း သိရသည်။

တန်ဟက်ဂ်သည် ပြီးခဲ့သည့်ရာသီကုန်ကတည်းက မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု ထင်ကြေးပေးခံခဲ့ရသော်လည်း ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်သည့် အသင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ရာထူးတွင် ဆက်လက်တည်မြဲနေခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ရာသီအဖွင့် (၃)ပွဲတွင် ရှုံးပွဲ (၂)ပွဲအထိ ကြုံတွေ့ခဲ့သည့်အတွက် ရာထူးမှထုတ်ပယ်ခံရရန် ရေပန်းစားမှု မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မူလက ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာထူးမှ ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် အဲဗာတန်နည်းပြ ရှောင်ဒိုက်က ရေပန်းအစားဆုံး ဖြစ်ခဲ့သော်လည်း လီဗာပူးလ်နှင့်ပွဲအပြီးတွင် တန်ဟက်ဂ်က ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရသည်။

ထို့ပြင် တန်ဟက်ဂ်နေရာ အစားဝင်မည့် နည်းပြအဖြစ်လည်း ဆောက်ဂိတ်က (ရး၄)လေးဖြင့် ရေပန်းအစားဆုံးဖြစ်လာခဲ့သည်။

ဆောက်ဂိတ်သည် အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ် တာဝန်ယူနေစဉ်မှာပင် မန်ယူအသင်း၏ နည်းပြသစ် ဖြစ်လာနိုင်သူအဖြစ် သတင်းထွက်ခဲ့သူဖြစ်သည်။

၎င်းသည် ယူရို- ၂၀၂၄ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီး လက်ရှိအချိန်၌ အသင်းလက်မဲ့ဖြစ်နေသည်။

တန်ဟက်ဂ်၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည့် နစ္စတယ်ရွိုင်းကလည်း ဒုတိယရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

Most Read

Most Recent