နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို အငှားဖြင့်ခေါ်ယူရန် ဂါလာတာစာရေးအသင်း သဘောတူညီမှုရရှိ

နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို အငှားဖြင့်ခေါ်ယူရန် ဂါလာတာစာရေးအသင်း သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 3 September 2024

တူရကီကလပ် ဂါလာတာစာရေးအသင်းသည် နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ကို အငှားဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

အိုဆင်မန်(၂၅ နှစ်)သည် နာပိုလီအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယူရိုသန်း(၁၃၀) တန် လျော်ကြေးစာချုပ် ချုပ်ဆိုထားသော်လည်း ယခုနွေရာသီတွင် နာပိုလီအသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် စီးရီးအေအပါအဝင် ဥရောပထိပ်သီးလိဂ်များ၏ အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းသွားချိန်အထိ ၎င်းအနေဖြင့် နာပိုလီအသင်းတွင်သာ ဆက်ရှိခဲ့သည်။

ယင်းအတွက် နာပိုလီအသင်းတွင်သာ ဆက်ရှိတော့မည်ဟု ထင်မှတ်ခဲ့ရသော်လည်း နာပိုလီအသင်းတာဝန်ရှိသူများက ၎င်း၏ ကျောနံပါတ်(၉)ကို အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး လူကာကူထံ ပေးအပ်ခဲ့ပြီး ၎င်းကို အသင်းတွင် စာရင်းမသွင်းဘဲ ချန်လှပ်ထားခဲ့သည်။

ထို့ကြောင့် အပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းသေးသည့် လိဂ်ပြိုင်ပွဲများမှ ကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို စောင့်ကြည့်ခဲ့ရပြီး ယခုအခါ ဂါလာတာစာရေးအသင်းက ၎င်းကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂါလာတာစာရေးအသင်းသည် အိုဆင်မန်အား အငှားဖြင့် ခေါ်ယူခြင်းအတွက် နာပိုလီအသင်းထံ ငှားရမ်းခ ပေးချေရခြင်းမရှိသော်လည်း ၎င်း၏ လစာနှုန်းထားကိုမူ အပြည့်အဝ ပေးချေသွားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent