■ မန်ယူအသင်း ခံစစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမား သုံးဦးသာရှိပြီး စွန့်စားမှု ကြီးကြီးမားမားလုပ်မည်မဟုတ်ကြောင်း အဲရစ်တန်ဟက် ပြောကြား

■ မန်ယူအသင်း ခံစစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမား သုံးဦးသာရှိပြီး စွန့်စားမှု ကြီးကြီးမားမားလုပ်မည်မဟုတ်ကြောင်း အဲရစ်တန်ဟက် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 10 August 2024

မန်စီးတီးအသင်းနှင့်ကစားရမည့် ကွန် မြူနတီဒိုင်းပွဲစဉ်အတွက် မန်ယူအသင်း ခံစစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမား သုံးဦးသာရှိပြီး စွန့်စားမှုကြီးကြီးမားမားလုပ်မည်မဟုတ်ကြောင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက်က ပြောကြားသည်။

    

၂၀၂၄-၂၀၂၅ ရာသီအဖွင့် ကွန်မြူနတီ ဒိုင်းပြိုင်ပွဲအဖြစ် ပြီးခဲ့သည့်ရာသီ ပရီးမီးယား လိဂ်ချန်ပီယံ မန်စီးတီးအသင်းနှင့် FA ဖလား ချန်ပီယံ မန်ယူအသင်းတို့ သြဂုတ် ၁၀ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယင်းပွဲမတိုင်မီ မန်ယူအသင်း ခံစစ်ပိုင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် စီနီယာကစားသမားအဖြစ် အီဗန်စ်၊ လီဆန်ဒရိုမာတီနက်ဇ်နှင့် ဒါလော့တို့ သုံးဦးသာရှိနေပြီး နွေရာသီတွင် အသစ်ခေါ်ယူထားသည့် ယိုဟိုနှင့် မာလာစီယာမှာ ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သလို မက်ဂွိုင်းရား၊ လင်ဒီလော့ဖ်၊ လုခ်ရှောနှင့် ဝမ်ဘစ်ဆာကာတို့မှာလည်း ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။

    

သို့ဖြစ်ရာ တန်ဟက်က "ကျွန်တော်တို့ အမြဲတမ်းအနိုင်ရချင်ပါတယ်။ ခြေစမ်းပွဲတွေ မှာတောင် အနိုင်ရချင်တာပါ။ ဒါက ဆုဖလား  တစ်ခုရမယ့်ပြိုင်ပွဲပါ။ ဒီဆုကိုရယူနိုင်ဖို့ ပြိုင် ဆိုင်မှု အရမ်းပြင်းထန်တဲ့အသင်းကို ရင်ဆိုင်ရမှာပါ။ ဒါက ရာသီကြိုကာလလည်းဖြစ်ပါတယ်။ ကစားသမားတွေနဲ့ ကြီးမားတဲ့စွန့်စားမှု မျိုး ကျွန်တော်တို့မလုပ်ပါဘူး။ လီချာ (လီဆန်ဒရိုမာတီနက်ဇ်) ဒီပွဲမှာပါဝင်နိုင်ဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်"ဟု ပြောကြားသည်။

    

ထို့ပြင် နိုင်ငံတကာပွဲစဉ်များမှ ပြန်လည်ရောက်ရှိလာသည့် ဘရူနိုဖာနန်ဒက်စ်၊ ဂါနာချိုတို့နှင့်ပတ်သက်၍ ၎င်းက "အဲဒါက တစ်ဦးချင်းအပေါ်မှာ မူတည်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့နောက်ခံတွေ ရှိကြပါတယ်။ ကျွန်တော်တို့က သူတို့ကို အနားပေးတဲ့အစီအစဉ်ထဲ ထည့်သွင်းထားပေမဲ့ ကျွန်တော်တို့ အမေ ရိကမှာရှိနေချိန် သူတို့ကလည်း မတူညီတဲ့ပုံစံ နဲ့ စတင်နေကြပါတယ်။ သူတို့ ပွဲထွက်စာရင်းမှာ ပါဝင်နိုင်မလား၊ အရန်ခုံကနေ ဝင်ကစားနိုင်မလား ဒါမှမဟုတ် မကစားနိုင်ဘူးလားဆိုတာကို ကျွန်တော်တို့ အကဲဖြတ်ပြီးတော့ ဆုံးဖြတ်မှာပါ"ဟု ဆက်လက်ပြောကြားသည်။

    

၂၀၂၃-၂၀၂၄ ရာသီတွင် မန်ချက်စတာ ဒါဘီနှစ်သင်း သုံးကြိမ်တွေ့ဆုံခဲ့ပြီး မန်စီးတီးအသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ၌ (၀-၃) ဂိုး၊ အိမ်ကွင်း၌ (၃-၁) ဂိုးဖြင့် နှစ်ကျော့စလုံးအနိုင်ရသော်လည်း FA ဖလား ဗိုလ်လုပွဲတွင်မူ မန်ယူအသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ 

ယခုပွဲစဉ်မှာ မန်ချက်စတာ ဒါဘီနှစ်သင်း ပြိုင်ပွဲအဆင့်ပွဲစဉ်များတွင် ၁၉၄ ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ယင်းပွဲမတိုင်မီ မန်ယူအသင်းက ၇၉ ပွဲနှင့် မန်စီးတီးအသင်းက ၆၁ ပွဲ အနိုင်ရကာ ၅၃ ပွဲ သရေကျ ထားသည်။

    

၎င်းတို့နှစ်သင်းသည် ကွန်မြူနတီဒိုင်း ပြိုင်ပွဲတွင်မူ နှစ်ကြိမ်သာတွေ့ဆုံဖူးပြီး မန်ယူအသင်းက ၁၉၅၆ နှင့် ၂၀၁၁ ပြိုင်ပွဲ နှစ်ကြိမ်စလုံး အနိုင်ရထားသည်။

Most Read

Most Recent