မူဒရစ်အား ပွဲထွက်စာရင်းမှ ချန်လှပ်ရန် ချယ်လ်ဆီးနည်းပြ မာရက်စကာ တိုက်တွန်းခံရ

မူဒရစ်အား ပွဲထွက်စာရင်းမှ ချန်လှပ်ရန် ချယ်လ်ဆီးနည်းပြ မာရက်စကာ တိုက်တွန်းခံရ
Photo: The Sun
Photo: The Sun
Published 31 August 2024

 

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် စကော့တလန်ဘောလုံးသမားဟောင်း ဘာလေက မူဒရစ်အား ပွဲထွက်စာရင်းမှချန်လှပ်ရန် ချယ်လ်ဆီးနည်းပြ မာရက်စကာကို တိုက်တွန်းခဲ့သည်။ 

မူဒရစ်သည် ယခုရာသီတွင် ချယ်လ်ဆီး၌ အသင်းပွဲထွက်ခွင့်ရနိုင်သော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။ 

ယခုအခါ ဘာလေက "ဝုလ်ဗ်နဲ့ပွဲမှာ မာဒူအေကေ ကစားတာ အရမ်းကောင်းပါတယ်။ သူ့ကြောင့် ဂျက်ဆန်လည်း အဆင်ပြေတယ်။ မူဒရစ်ကတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သူ့ကို ပွဲထွက်ခွင့်ပေးနေတာက အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ။ သူ့နေရာမှာ နေတိုကိုပဲ ပွဲထွက်ခွင့်ပေးသင့်တယ်။ မူဒရစ်က ခြေစွမ်းတစ်သတ်မတ်တည်း ရှိတဲ့ ကစားသမား မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

မူဒရစ်သည် ယခုရာသီမန်စီးတီးအသင်းနှင့် ကစားခဲ့သည့် အိမ်ကွင်းပွဲတွင် ချယ်လ်ဆီးအသင်းအတွက် ပါဝင်ခွင့်မရသော်လည်း ဒုတိယပွဲစဉ်ဖြစ်သည့် ဝုလ်ဗ််အသင်းနှင့် အဝေးကွင်းပွဲတွင်မူ ပွဲထွက်ခွင့်ရခဲ့သည်။

Most Read

Most Recent