■ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် ဘင်ဝှိုက် စဉ်းစားနေ     

■ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် ဘင်ဝှိုက် စဉ်းစားနေ     
Photo: Getty Images
Photo: Getty Images
Published 26 July 2024

အာဆင်နယ်အသင်း၏ အင်္ဂလန်နောက်ခံလူ ဘင်ဝှိုက်သည် လက်ရွေးစင်အသင်းအတွက် ပြန်ကစားရန် စဉ်းစားနေကြောင်း သိရသည်။ 

ဘင်ဝှိုက်(၂၆ နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်၊ လက်ထောက်နည်းပြ စတိဗ်ဟော်လန်တို့နှင့် ဆက်ဆံရေးအဆင်မပြေသည့်အတွက် လက်ရွေးစင်အသင်းအတွက် မကစားရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။ 

ယခုအခါ အဆိုပါနည်းပြနှစ်ဦးစလုံး အင်္ဂလန်အသင်းတွင် မရှိတော့သည့်အတွက် ဘင်ဝှိုက်က ပြန်ကစားရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။ 

ဘင်ဝှိုက်သည် အင်္ဂလန်အသင်းအတွက် (၄)ပွဲ ကစားထားသူဖြစ်သည်။

Most Read

Most Recent