မိုရာတာမှာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း စီးရီးအေပြိုင်ပွဲ၏ အကောင်းဆုံးတိုက်စစ်ခေါ်ယူမှုဖြစ်သည်ဟု အီတလီတိုက်စစ်မှူးဟောင်း ကာဆာနို ဆို

မိုရာတာမှာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း စီးရီးအေပြိုင်ပွဲ၏ အကောင်းဆုံးတိုက်စစ်ခေါ်ယူမှုဖြစ်သည်ဟု အီတလီတိုက်စစ်မှူးဟောင်း ကာဆာနို ဆို
Photo : Getty Images
Photo : Getty Images
Published 22 August 2024

အီတလီနှင့် အေစီမီလန်တိုက်စစ်မှူးဟောင်း ကာဆာနိုက မိုရာတာမှာ ယခုအပြောင်းအရွှေ့ကာလအတွင်း စီးရီးအေပြိုင်ပွဲ၏ အကောင်းဆုံးတိုက်စစ်ကစားသမား ခေါ်ယူမှုဖြစ်သည်ဟု ဆိုခဲ့သည်။

မိုရာတာသည် အက်သလက်တီကိုအသင်းမှ အေစီမီလန်အသင်းထံ (၄)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ သူဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အေစီမီလန်နှင့် တိုရီနိုတို့ကစားခဲ့သည့် စီးရီးအေအဖွင့် ပွဲစဉ်တွင် ပွဲချိန်မိနစ် (၆၀)၌ မိုရာတာသည် ယိုဗစ်အစား လူစားဝင်ကစားခဲ့ပြီး အရေးပါသည့် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့သည်။

ကာဆာနိုက "အေစီမီလန်အသင်းအနေနဲ့ စီးရီးအေပြိုင်ပွဲအတွက် တိုက်စစ်မှူးကောင်းတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တယ်လို့ ထင်မိပါတယ်။ သူ(မိုရာတာ)က အရည်သွေးမြင့် တိုက်စစ်ကစားသမားတစ်ယောက်ပါ၊ အဆုံးသတ်သမားကောင်းလည်း ဖြစ်တယ်။ စီးရီးအေအဖွင့်ပွဲမှာတင် ဂိုးသွင်းယူနိုင်တဲ့သူ့အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။ သူ မီလန်ကို ရောက်လာတာ စီးရီးအေပြိုင်ပွဲအတွက်ရော၊ အေစီမီလန်အသင်းအ တွက်ရော အကျိုးရှိစေပါတယ်"ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုရာတာသည် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းတွင် (၂၀၁၄)မှ (၂၀၁၆)အထိတစ်ကြိမ်၊ (၂၀၂၀)မှ (၂၀၂၂)အထိတစ်ကြိမ် ကစားခဲ့ဖူးသူဖြစ်ပြီး စီးရီးအေချန်ပီယံဆု (၂) ကြိမ်၊ ကိုပါအီတာလီယာဖလား (၃) ကြိမ်၊ အီတလီစူပါဖလား (၁)ကြိမ် ရယူနိုင်ခဲ့သူဖြစ်သည်။

မိုရာတာသည် အေစီမီလန်ကို ရွေးချယ်ခဲ့ရာတွင် ဂန္ထဝင်အီဘရာဟီမိုဗစ်၏ သက်ရောက်မှုကြောင့်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။

Most Read

Most Recent