■ ဂရင်းဝုဒ်ကို ခေါ်ယူရန် မာဆေးလ်အသင်း စိတ်ဝင်စားနေ     

■ ဂရင်းဝုဒ်ကို ခေါ်ယူရန် မာဆေးလ်အသင်း စိတ်ဝင်စားနေ     
Published 28 June 2024

ပြင်သစ်ကလပ် မာဆေးလ်အသင်းသည် မန်ယူအသင်းမှ အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဂရင်းဝုဒ်သည် လူမှုရေးပြဿနာကြောင့် မန်ယူအသင်းတွင် ပြန်ကစားရန် မဖြစ်နိုင်တော့သည့်အခြေအနေကြောင့် အသင်းသစ်ရှာဖွေနေသူဖြစ်သည်။ 

လက်ရှိတွင် ဂရင်းဝုဒ်အား ခေါ်ယူရန် စိတ်ဝင်စားသည့်အသင်းများစွာ ရှိနေပြီး ယင်းထဲတွင် မာဆေးလ်အသင်းလည်း ပါဝင်လာခြင်းဖြစ်သည်။ 

ပြီးခဲ့သည့်ရာသီက ဂီတာဖေးအသင်းတွင် အငှားကစားပြီး ခြေစွမ်းပြခဲ့သည့် ၎င်းအား လာလီဂါထိပ်သီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသလို၊ ယခုအခါ မာဆေးလ်အသင်းကလည်း ကြိုးပမ်းဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent