■ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 14 June 2024

ဟန်ဂေရီ - ဆွစ်ဇာလန် (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် ည ၇:၃၀ နာရီ)

ဟန်ဂေရီအသင်းနည်းပြ မာကိုရော့ဆီအတွက် ဒီပွဲမတိုင်ခင် ဘာဒဏ်ရာပြဿနာမှ မရှိဘူး။ အဓိက ကစားသမားတိုင်းကို အသုံးပြုခွင့်ရမယ်။ ဝစ်ဒ်မာ၊ ဖရော်လာ၊ ရှာကာ၊ အန်ဒိုယီတို့ရဲ့ကွင်းလယ်နဲ့ ရှာကီရီ၊ အမ်ဒိုနီ၊ ဗားဂတ်စ်တို့ရဲ့ တိုက်စစ်က ဟန်ဂေရီခံစစ်ကို ခြိမ်းခြောက်နိုင်မှာပါ။ ဒါပေမဲ့ ဟန်ဂေရီကိုယ်တိုင်က အားကောင်းပြီး မာကျောတယ်။ စုစည်းမှုကောင်းတယ်။ လက်ရှိခြေစွမ်းက ဆွစ်ဇာလန်ထက် ပိုအားကောင်းနေတယ်။ ဟန်ဂေရီကို ကြိုက်တယ်။ 



စပိန် - ခရိုအေးရှား (မြန်မာစံတော်ချိန် ဇွန်လ ၁၅ ရက် ည ၁၀:၃၀ နာရီ)

စပိန်ရဲ့တောင်ပံတိုက်စစ်ကဏ္ဍမှာ အရမ်းအရည်အသွေးမြင့်တဲ့ လူငယ်ကစားသမားတွေရှိနေကြပြီး အပိုထပ်ဆောင်းဆုကြေးအဖြစ် စပိန်လက်ရွေးစင်အသင်းရဲ့မျှော်လင့်ချက်တွေကို ရိုဒရီက သယ်ဆောင်လာတယ်။ စပိန်အသင်းမှာ ပြဿနာဆိုလို့ နည်းပြ ဒယ်လာဖွန်တေရဲ့အတွေ့အကြုံအားနည်းတာပဲ ရှိတယ်။ စပိန်ကွင်းလယ်မှာ ဖာဘီယန်ရုဇ်-ရိုဒရီ-ပတ်ဒရီ ဆိုတဲ့အတွဲ အဖက်က တော်တော်လေး အားကောင်းပြီး နုပျိုတယ်။ အရည်အသွေးမြင့်တယ်။ တစ်ဖက်က ခရိုအေးရှားက လက်ရှိ ယူရိုပြိုင်ပွဲရဲ့အသက်အကြီးဆုံး၊ အတွေ့အကြုံအများဆုံး ကွင်းလယ်ဖြစ်တယ်။ မိုဒရစ်-ဘရိုဇိုဗစ်-ကိုဗာချစ်တို့ (၃) ဦးပေါင်း ပွဲ (၄၀၀) နီးပါး ကစားထားကြတယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး သရေရလဒ်ထွက်ပေါ်ဖို့ များတယ်။ 



အီတလီ - အယ်လ်ဘေးနီးယား (မြန်မာစံတော်ချိန် ဇွန်လ ၁၆ ရက် နံနက် ၁:၃၀ နာရီ)

ဆီလ်ဗင်ညိုရဲ့ အယ်လ်ဘေးနီးယားအသင်းက အဝေးကန်ချက်တွေ အရမ်းအားကောင်းတယ်။ မာကျောကျစ်လျစ်တဲ့ ကွင်းလယ်ခံစစ်အတွဲနဲ့ အားကောင်းတဲ့ တောင်ပံတိုက်စစ်တွေကို ပိုင်ဆိုင်ထားတယ်။ အီတလီအတွက် သတိကြီးကြီးထားပြီးချဉ်းကပ်ရမယ့်ပွဲဖြစ်တယ်။ အီတလီက နီကိုလာဘာရယ်လာရဲ့ ဦးဆောင်မှုနဲ့အတူ မာကျောပြီး အားကောင်းတဲ့အသင်းတစ်သင်းအဖြစ် ပွဲထွက်လာမှာပါ။ အယ်လ်ဘေးနီးယားကို အုပ်စုအဖွင့်ပွဲမှာ မနိုင်ရင် ခက်ခဲသွားနိုင်တယ်။ အီတလီကို ကြိုက်တယ်။ 

Most Read

Most Recent