နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) ၏ အကြီးအကဲ ခရစ္စတော့ဒူလ်ဝါ အသက် ၅၃ နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်

နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) ၏ အကြီးအကဲ ခရစ္စတော့ဒူလ်ဝါ အသက် ၅၃ နှစ်အရွယ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်
Published 9 June 2024

သတင်းမီဒီယာ လွတ်လပ်ခွင့်အုပ်စု ဖြစ်သော (RSF) နယ်စည်းမခြားသတင်းထောက်များ အဖွဲ့၏အကြီးအကဲအဖြစ် ကမ္ဘာတစ်ဝန်းတွင် ထောင်ဒဏ် ချမှတ်ခံထားရသော ဂျာနယ်လစ်များ လွတ်မြောက်ရန် စေ့စပ်ဆွေးနွေးပေးသူ ၊ ခြိမ်းခြောက်ခံနေရသော သတင်းထောက်များကို ခိုလှုံခွင့်ရရှိစေရန် ကူညီပေးခဲ့သူ ခရစ္စတော့ ဒူလ်ဝါသည် ဇွန် ၈ ရက်တွင် ကွယ်လွန်သွားခဲ့သည်။

ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်ရှိ ပြီဖြစ်သော ခရစ္စတော့ဒူလ်ဝါသည် ရုတ်တရက်ဖြစ်ပွားသည့် ပြင်းထန်သော ကင်ဆာ ရောဂါကို ခံစားခဲ့ရသူဖြစ်ပြီး ပါရီမြို့တွင် ကွယ်လွန်သွားခဲ့သည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ဒူလ်ဝါသည် သတင်းအချက်အလက် ပရမ်းပတာဖြစ်မှုဟူသော အခြေအနေအရ ဂျာနယ်လစ်ဇင်၏ မူမတူ ယှဉ်တွဲရပ်တည်မှု ၀ါဒ၊ ဂျာနယ်လစ်ဇင် လွတ်လပ်ခွင့်၊ ဂျာနယ်လစ်ဇင် အမှီအခိုကင်းမှုတို့နှင့်ပတ်သက်၍ ကမ္ဘာ့တိုက်ကြီးတိုင်းတွင် မမောနိုင်မပန်းနိုင် ခုခံကာကွယ်ခဲ့သူဖြစ်သည်ဟု ပြင်သစ်ဘာသာစကားဖြင့် RSF ဟုအတိုကောက်ခေါ် သော နယ်စည်းမခြားသတင်းထောက်များ အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“ဂျာနယ်လစ်ဇင်ဟာ သူ့ဘဝရဲ့အပတ် တကုတ်ကြိုးပမ်းအားထုတ်မှုဖြစ်ပါတယ်။ သူဟာ ခိုင်မာတဲ့ ခံယူချက်နဲ့တိုက်ပွဲဝင်သွား ခဲ့သူဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖြည့် စွက်ဖော်ပြထားသည်။

ထိမိသည့် ဝေဖန်မှုများကို ခံရသည့်အခါ ၎င်းသည် အတိုင်းမသိသော ထကြွ လုံ့လ၊ ဟန်မလုပ်သော အပြုံတို့ဖြင့်အစိုးရများကို လော်ဘီလုပ်ရန်၊ ထောင်ကျနေသော ဂျာနယ်လစ်များ သို့မဟုတ် ခြိမ်းခြောက်ခံနေရ သော ဂျာနယ်လစ်များကို ခုခံကာကွယ်ရန် ယူကရိန်း၊ တူရကီ၊ အာဖရိကတို့အပြင် အခြား နေရာများကို အဆက်မပြတ်သွားခဲဲ့သူဖြစ်သည်။

ထို့ကြောင့် နိုင်ငံအများအပြားရှိ သတင်း လွတ်လပ်ခွင့်တက်ကြွလှုပ်ရှားသူများ က ခရစ္စတော့ဒူလ်ဝါ ၏ဆောင်ရွက်ချက်များကို ဂုဏ်ပြုဖော် ပြခဲ့ကြပြီး ၎င်းကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်း စစ်ပွဲကိုရှုတ်ချခဲ့သော ရုရှားရုပ်သံသတင်းထောက် မာရီနာအော့ဆီယန်နီကိုဗာ လျှို့ဝှက်စွာဖြင့် ရုရှားမှ ထွက်ပြေးရာတွင် ဒူလ်ဝါက ကူညီခဲ့သည်။

ရုရှား၏ကျူး ကျော်မှုကိုခံရသည့် ယူကရိန်းရှိ သတင်း ထောက်များကို နယ်စည်းမခြားသတင်း ထောက်များအဖွဲ့က အကာအကွယ်ဝတ်စုံ များပေးခြင်း၊သင်တန်းပေးခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။

Photo: AFP

Ref: AP