တန်ဟက်ဂ်နှင့် မန်ယူ ပရီးမီးယားလိဂ်မရနိုင်ဟု ကန်တိုနာ ဆို

တန်ဟက်ဂ်နှင့် မန်ယူ ပရီးမီးယားလိဂ်မရနိုင်ဟု ကန်တိုနာ ဆို
Photo: Football Talk
Photo: Football Talk
Published 30 May 2024

မန်ယူဂန္ထဝင် ကန်တိုနာက တန်ဟက်ဂ်၏ ဦးဆောင်မှုဖြင့် မန်ယူအသင်း ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းအနေဖြင့် FA ဖလားဗိုလ်လုပွဲတွင် မန်စီးတီးကို အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့သော်လည်း တန်ဟက်ဂ်၏နည်းဗျူဟာကို ကန်တိုနာက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ကန်တိုနာက ''မန်ယူအသင်း FA ဖလား ရတာကို ကျွန်တော် ပျော်ပါတယ်။ မန်စီးတီးကို အနိုင်ရတဲ့ပွဲမှာ တန်ဟက်ဂ် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ (၃၈) ပွဲစလုံး တန်ပြန်တိုက်စစ်ကစားပြီး ချန်ပီယံဆုကို မရနိုင်ပါဘူး။ တန်ဟက်ဂ်အနေနဲ့ ကစားသမားတွေ စုံမယ်ဆိုရင်တောင် ဆွဲဆောင်မှုရှိအောင် မကစားနိုင်စွမ်းမရှိပါဘူး''ဟု ပြောကြားခဲ့သည်။ 

 

Most Read

Most Recent