ဖာဘရီဂတ်စ်ကို ချယ်လ်ဆီးနည်းပြအဖြစ် မြင်တွေ့လိုသည်ဟု ဟာဇက် ဆို

ဖာဘရီဂတ်စ်ကို ချယ်လ်ဆီးနည်းပြအဖြစ် မြင်တွေ့လိုသည်ဟု ဟာဇက် ဆို
Photo: Getty Images
Photo: Getty Images
Published 29 May 2024

 

ချယ်လ်ဆီးအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဟာဇက်က အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်ကို ချယ်လ်ဆီးအသင်း၏ နည်းပြသစ်အဖြစ် မြင်တွေ့လိုသည်ဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် နည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲထားပြီး နည်းပြသစ် ရှာဖွေနေရာ ဟာဇက်က ဖာဘရီဂတ်စ်ကို ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် မြင်တွေ့လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဟာဇက်က "ဖာဘရီဂတ်စ်က အရည်အသွေးမြင့်နည်းပြတစ်ယောက်ပါ။ သူ ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ သူ့ကို ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် မြင်တွေ့ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent