ရာဖာအနီးရှိ ပါလက်စတိုင်းစစ်ရှောင်များနေထိုင်ရာ နေရာကို အစ္စရေးတိုက်ခိုက်သဖြင့် အနည်းဆုံးလူ ၃၅ ဦးသေဆုံး

ရာဖာအနီးရှိ ပါလက်စတိုင်းစစ်ရှောင်များနေထိုင်ရာ နေရာကို အစ္စရေးတိုက်ခိုက်သဖြင့် အနည်းဆုံးလူ ၃၅ ဦးသေဆုံး
အစ္စရေးဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ရာဖာ၌ မီးခိုးများ ထွက်လာနေပုံကို မေ ၂၅ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အစ္စရေးဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ရာဖာ၌ မီးခိုးများ ထွက်လာနေပုံကို မေ ၂၅ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 28 May 2024

မေ ၂၆ ရက်က ရာဖာအနီး စစ်ရှောင်များနေထိုင်ရာ စင်တာကို အစ္စရေးတိုက်ခိုက်သဖြင့် လူဒါဇင်ချီသေဆုံး သွားခဲ့သည်ဟု ဟားမာ့စ်နှင့်ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ဟားမာ့စ်စစ်သွေးကြွများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယင်းတိုက် ခိုက်မှုကြောင့် လူ ၃၅ ဦးသေဆုံးသွားခဲ့ပြီး လူဒါဇင်ချီ ဒဏ်ရာရသွားခဲ့သည်ဟု ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သေဆုံးသူအများစုမှာ ကလေးများနှင့် အမျိုးသမီးများဖြစ်သည်ဟု ဆိုသည်။

 ရာဖာအနီးရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂအေဂျင်စီက ဖွင့်ထားသော စင်တာကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဂါဇာရှိ ဟားမာ့စ်အုပ်ချုပ်နေသော အစိုးရ၏မီဒီယာရုံးက စောစောပိုင်းတွင် ထုတ်ပြန် ခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် ကြေက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အစ္စရေးစစ်လေယာဉ်သည် ရာဖာရှိ ဟားမာ့စ် ခြံဝင်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အသိမ်းပိုက်ခံအနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း စစ်သွေး ကြွအုပ်စုအတွက် အကြီးတန်းတာဝန်ရှိသူများအဖြစ် ဆောင်ရွက်နေသော ယာဆင်ရာဘီးယားနှင့် ခါလက်နာ ဂါတို့ သေဆုံးသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

တိုက်ခိုက်မှု၏ရလဒ်အဖြစ် မီးလောင်ခဲ့ခြင်းကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဆိုသော သတင်း များကို ကြားရသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး ယင်းဖြစ်ရပ်ကို လေ့လာဆန်းစစ်နေသည်ဟု ဆို သည်။

ရာဖာမှ အစ္စရေးအလယ်ပိုင်းဒေသများသို့ အနည်းဆုံး ဒုံးကျည်ရှစ်စင်း ပစ်လွှတ်ခဲ့သည်ဟု မေ ၂၆ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ကုန်သွယ်ရေးဗဟိုချက် တဲလ်အဗစ်မြို့ကို လပေါင်းများစွာအတွင်း ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

တိုက်ပွဲများသည် မကြာသေးမီက ရာဖာမြို့တွင် အဓိက ဖြစ်ပွားလျက်ရှိသည်။ ရာဖာ၌ ပါလက်စတိုင်းအရပ် သားများ ခိုလှုံနေသောကြောင့် ရာဖာကို ထိုးစစ်ဆင်ခြင်းအား စိုးရိမ်ကြောင်း အင်အားကြီးနိုင်ငံများက ကန့် ကွက်ခဲ့သည့်တိုင် အစ္စရေးသည် မေလဆန်းပိုင်းတွင် ရာဖာကို မြေပြင်ထိုးစစ်ဆင်ခဲ့သည်။

ပါလက်စတိုင်းလခြမ်းနီအဖွဲ့က လူများသည် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများနှင့် ဒဏ်ရာရခဲ့သူများကို လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။

အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရုံးက ယင်းတိုက်ခိုက်မှုကို အလွန်စက်ဆုပ်ရွံ ရှာဖွယ် ကောင်းသော လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟု ပြောကြားခဲ့ပြီး စစ်ရှောင်များ၏တဲများကို တမင် ပစ်မှတ် ထားခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

စစ်ရှောင်ပြည်သူ ၁၀၀,၀၀၀ ရှိရာနေရာကို  အစ္စရေးတိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူ ၅၀ သေဆုံး၊ ဒဏ်ရာရခဲ့သည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

ပါလက်စတိုင်းပြည်သူများသည် ယင်းတိုက်ခိုက်မှုကို ထကြွပုန်ကန်ပြီး ချီတက်ဆန္ဒပြကြရမည်ဟု ဟားမာ့စ်က ပြောကြားခဲ့သည်။

အစ္စရေးစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အစ္စရေးစစ်ကော်မတီ အစည်းအဝေးမတိုင်မီ ဝန်ကြီ်းချုပ်ဘင်ဂျမင် နေတန်ယာဟုက ပြောကြားခဲ့သည်။ ပဋိပက္ခအဆုံးသတ်စေရေးအတွက် အမြဲတမ်းအပစ် အခတ်ရပ်စဲရန် ဟားမာ့စ်၏တောင်းဆိုချက်ကို ၎င်းက ပယ်ချထားသည်မှာ ကြာပြီဖြစ်သည်။

အစ္စရေးစစ်ကော်မတီသည် ဓားစာခံ လွတ်မြောက်ရေးကိစ္စကို ဆွေးနွေးခဲ့သည်ဟု အမည်မဖော်လိုသူ အကြီးတန်းအစ္စရေးတာဝန်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

                                                             Ref:AFP

Most Read

Most Recent